အီသီယိုးပီးယားဝန်ကြီးချုပ် ရုတ်တရက်ရာထူးမှနုတ်ထွက်


အဒစ်အဘာဘာ ဖေဖော်ဝါရီ ၁၆

အီသီယိုးပီးယားနိုင်ငံဝန်ကြီးချုပ်Hailemariam Desalegnသည် နှစ်ပေါင်းများစွာဖြစ်ပေါ်နေသည့် ဆူပူအုံကြွမှုများနှင့်နိုင်ငံရေး က သောင်းကနင်းဖြစ်ပေါ်နေမှုများကို အဆုံးသတ်ရန်ဟုပြောကြားကာ ရုတ်တရက်ရာထူးမှနုတ်ထွက်သွား ကြောင်း သိရသည်။ ရုပ်မြင်သံ ကြားမှတိုက်ရိုက်ထုတ်လွှင့်မှုတွင် ၄င်း၏ရာထူးမှနုတ်ထွက်ခြင်းသည် ''တည်ငြိမ်အေးချမ်းရေးနှင့် ဒီမို ကရေစီတည်တံ့ရေးကိုဦးတည်မည့် ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက် ရန်အလို့ငှာအသက်တမျှအရေးကြီး သည်''ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်အဖြစ် ၂ဝ၁၂ ခုနှစ် ကတည်းက တာဝန်ယူခဲ့သူမစ္စတာ Hailemariam သည် အာဏာရ ညွန့်ပေါင်းအဖွဲ့၏ ဥက္ကဋ္ဌရာထူးမှ လည်း နုတ်ထွက်ခဲ့ကြောင်း သိရ သည်။

အီသီယိုးပီးယားတွင် အစိုးရ ကိုဆန့်ကျင်သည့် ဆန္ဒပြမှုများ အတွင်းလူပေါင်းရာနှင့်ချီကာ သေ ဆုံးခဲ့ရသည်။၂ဝ၁၅ခုနှစ်တွင်နိုင်ငံ ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲ ရေးနှင့်အကျင့်ပျက်လာဘ်စားမှုများ ကို တိုက်ဖျက်ရေးတို့ကိုတောင်းဆို သည့် ဆန္ဒပြမှုများနိုင်ငံတစ်ဝန်းလုံး ၌ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဆူပူ အုံကြွမှုအများစုသည် အီသီယိုးပီး ယား၏ အကြီးဆုံးဒေသနှစ်ခုဖြစ် သည့်Oromia နှင့် Amhara ဒေသတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ယင်းကဲ့သို့ အခြေအနေများ ကြောင့် ၁ဝ လကြာ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ ပြီး ပြီးခဲ့သည့်လအတွင်း၌ ထောင် နှင့်ချီသည့် အတိုက်အခံထောက်ခံ သူများကို ထောင်မှလွှတ်ပေးခဲ့ သော်လည်း ဆန္ဒပြကန့်ကွက်မှုများ သည် ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ အာဖရိကဆိုင်ရာ ဘီဘီစီသတင်း ထောက်၏ ပြောကြားချက်အရ အီသီယိုးပီးယား၏စီးပွားရေးသည် အလွန်ဖွံ့ဖြိုးတိုးတက်နေသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မရမနေ လုပ်ဆောင်နေသည့် နည်းလမ်းကို ကျင့်သုံးမှုက လူမျိုးစုကိုအခြေခံ သည့် ဆန္ဒပြမှုများ ဒေသများတွင် ပေါ်ပေါက်လာစေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုဖြစ်ပေါ်နေ သည့် နိုင်ငံ၏အခြေအနေကို ကိုင် တွယ်ဖြေရှင်းရာတွင် ဆူပူအုံကြွမှု များကို ယခင်နည်းလမ်းအတိုင်း ပိုမိုအရှိန်မြှင့်တင်ဖြိုခွဲမှုပြုလုပ်ခြင်း သို့မဟုတ် နိုင်ငံရေးပြုပြင်ပြောင်း လဲမှုပြုလုပ်ခြင်းဟူသည့်နည်းလမ်း နှစ်နည်းဖြင့်သာလျှင် ဆောင်ရွက် နိုင်မည်ဟုလည်း ၄င်းကဖော်ပြခဲ့ ကြောင်း သိရသည်။

KK(IR)
Ref: BBC News
The Union Daily
https://www.facebook.com/uniondaily.net
အီသီယိုးပီးယားဝန်ကြီးချုပ် ရုတ်တရက်ရာထူးမှနုတ်ထွက် အီသီယိုးပီးယားဝန်ကြီးချုပ် ရုတ်တရက်ရာထူးမှနုတ်ထွက် Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.