ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲ ရေစကြိုမြို့၌ စည်ကားစွာ ကျင်းပလျက်ရှိ


ရေစကြို ဖေဖော်ဝါရီ ၂ဝ

မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော နတ်ပွဲတစ်ခု ဖြစ်သည့် ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲ(ခေါ်)ရွှေကူနီ ပွဲကို ပခုက္ကူခရိုင် ရေစကြိုမြို့နယ် နန်းဦးကျေးရွာအုပ်စု ကူနီကျေးရွာရှိ ကိုကြီးကျော်နတ်နန်းရှိရာ နေရာတွင် တပေါင်းလဆန်း ၁ရက်မှစတင်ကာ တပေါင်းလပြည့်နေ့ အထိ ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအနယ်နယ် အရပ် ရပ်မှ ယုံကြည်ကိုးကွယ်သော ပွဲလာသူများဖြင့် စည် ကားလျက်ရှိသည်ဟု သိရသည်။

အဆိုပါ ကိုကြီးကျော်ပွဲကို တပေါင်းလဆန်း ၁ ရက်မှ စတင်ကျင်းပကာ တပေါင်းလဆန်း ၃ ရက်နေ့ကို ချိုးရေ တော်သုံးသောနေ့၊ လဆန်း ၄ရက်ကို ရွှေဘုံဆင်းခေါ် ရွှေချနေ့၊ လဆန်း ၅၊ ၆၊ ၇၊ ၈ ရက်များကို နတ်ချော့ကြ သည့်နေ့၊ လဆန်း ၉ ရက်ကို ကြက်တိုက်နေ့၊ လဆန်း ၁ဝရက်ကို နတ်ချော့နေ့၊ လဆန်း ၁၁ရက်ကို တောင်ပြုံး မင်းနှစ်ပါး ကြိုဆိုသောနေ့၊ လဆန်း ၁၂ ရက်ကို နောင် တော်ကြီး နန်းတက်သောနေ့၊ လဆန်း ၁၃ ရက်ကို ရွှေ ကိုင်းမယ်တော်ကြီး လာသောနေ့၊ လပြည့်နေ့ကို ဆွမ်း တော်ကြီးလောင်းပွဲနေ့ဟူ၍ နှစ်စဉ်ကျင်းပလေ့ရှိသည်။

ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲသို့ မြန်မာနိုင်ငံ အနယ် နယ်အရပ်ရပ်မှ ယုံကြည်ကိုးကွယ်သူများ လာရောက် ကြရာ ပွဲရက်များအတွင်း နတ်ပွဲလာသူ စုစုပေါင်း ၁ဝ သိန်းကျော်ခန့် လာလေ့ရှိကြသည်ဟု သိရပြီး လဆန်း ၁၁ ရက်မှ ၁၃ ရက်အထိသည် အစည်ကားဆုံးရက်များ ဖြစ်ကြောင်း သိရသည်။

အိမွန်ဆွေ(ရေစကြို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲ ရေစကြိုမြို့၌ စည်ကားစွာ ကျင်းပလျက်ရှိ ပခန်းပွဲ(ခေါ်) ကိုကြီးကျော်ပွဲ ရေစကြိုမြို့၌ စည်ကားစွာ ကျင်းပလျက်ရှိ Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.