ထမင်းဘူးထဲ မြွေဝင်ခွေနေ

ထမင်းဘူးထဲ ဝင်ခွေနေတဲ့ မြွေ
ကလေးဖြစ်သူ ကျောင်းယူသွားဖို့အတွက် ပြင်ဆင်ထားတဲ့ ထမင်းဘူးထဲမှာ အဆိပ်ပြင်းတဲ့ မြွေတကောင်ဟာ ဝင်ခွေနေတာကို မိခင်ဖြစ်သူအမျိုးသမီးက တွေ့ရှိခဲ့ရပါတယ်။

သြစတြေးလျနိုင်ငံ အက်ဒီလိတ်မြို့က အမျိုးသမီးတဦးဟာ သူ့ကလေးကျောင်းမှာ စားဖို့ နေ့လည်စာ ပြင်နေတုန်း ဖွင့်ထားတဲ့ အစာထည့်တဲ့ဘူးထဲမှာ မြွေပေါက်စက ဝင်ခွေနေတာကို တွေ့ရှိခဲ့တာပါ။

အမျိုးသမီးဟာ သွားတွားသတ္တဝါနဲ့ အဆိပ်ပြင်းသတ္တဝါတွေကို ကိုင်တွယ်တဲ့ မစ္စတာ ရိုလီဘာရယ်ဆိုသူကို ဆက်သွယ် အကူအညီတောင်းခံခဲ့ပြီး မစ္စတာရိုလီဘာရယ်ကလည်း အဲဒီအစာဘူးကို ပိတ်ပစ်ပြီး အိမ်ပြင်ကို ယူသွားဖို့ အကြံပေးခဲ့ပါတယ်။

အဲဒီမြွေဟာ အရှေ့ပိုင်းအညိုရောင်မြွေအမျိုးအစားဖြစ်သလို အဆိပ်အပြင်းဆုံး မြေအမျိုးအစားတွေထဲမှာလည်း ပါဝင်တဲ့ မြွေမျိုးစိပ်ဖြစ်ပါတယ်။

ဒါဟာ မြွေကို အရင်တွေ့လိုက်တဲ့အတွက် အလွန်ကံကောင်းခဲ့တာပါ။ မြွေပေါက်စလေးဆိုပေမဲ့ အကိုက်ခံရရင် နာကြင်မှုကိုတောင် သိလိုက်မှာမဟုတ်ပါဘူး လို့ မစ္စတာ ဘာရယ်က ပြောပါတယ်။ မြွေဖမ်းသူကတော့ အဲဒီမြွေဟာ နေအိမ်အတွင်းက အစားအသောက်တွေ တင်ထားတဲ့ အခန်းဘက်ကို ဦးတည်နေခဲ့တာဖြစ်ပြီး အဲဒီနေရာဟာ တအိမ်လုံးမှာ အမှောင်ဆုံးနေရာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီမြွေမျိုးစိပ်မျိုးတွေကို ကမ်းရိုးတန်းတလျှောက်နဲ့ သြစတြေးလျရဲ့ ကုန်းတွင်းပိုင်းဒေသတွေမှာ တွေ့ရပါတယ်။

၂၀ဝ၀ ပြည့်နှစ်ကစလို့ ၂၃ ဦးဟာ အဲဒီမြွေမျိုးစိပ်တွေရဲ့ အကိုက်ခံရမှုကြောင့် သေဆုံးခဲ့ရတယ်လို့ သေမှုသေခင်းဌာန စာရင်းတွေအရ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ထမင်းဘူးထဲ မြွေဝင်ခွေနေ ထမင်းဘူးထဲ မြွေဝင်ခွေနေ Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.