ကျောက်သယ်ယာဉ် နှင့် ဆီသယ်ယာဉ်တို့ တိုက်မိပြီး မီးလောင်ခဲ့ရာ လူ ၃ ဦး သေဆုံး

ယာဉ်တိုက်မှုကြောင့် မီးလောင်မှု ဖြစ်စဉ်အား တွေ့ မြင်ရစဉ်(ဓာတ်ပုံ- Myanmar Fire Services Department)
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

    စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင် ၊ အရာတော် မြို့ နယ် ၊ ကမ်းဖြူကျေးရွာ အနောက်ဘက် မုံရွာ-အရာတော်-ရွှေဘိုသွား ကားလမ်း၊ မိုင်တိုင် အမှတ်(၂၁/၀)အနီးတွင် ကျောက်သယ်ယာဉ် နှင့် ဆီသယ်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားပြီး မီးလောင်ခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာ နိုင်ငံ မီးသတ် ဦးစီး ဌာနထံမှ သိရသည်။

မုံရွာ-အရာတော်-ရွှေဘိုသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၂၁/၀)အနီးတွင် ဖေဖော်ဝါရီ ၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် အရာတော်ဘက်မှ မုံရွာဘက်သို့ မောင်းနှင်လာသော ၁၀ ဘီး ကျောက်သယ်ယာဉ် နှင့် မုံရွာဘက်မှ အရာတော်ဘက်သို့  မောင်းနှင်လာသော ၆ ဘီး ဆီသယ်ယာဉ်တို့ တိုက်မိ၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုအား မီးသတ်ယာဉ် ၇ စီး၊ သန္ဓေ (၂၄)ဦး၊ အရန်(၄၀)ဦး တို့ ဖြင့် Foam ဆေးရည်(၃၅)ဂါလန် နှင့် ရေဂါလန် ၁၁၇၀၀ ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၁,ဝဝဝ,ဝဝဝ ရှိခဲ့ကြောင်း သိရသည်။

ထိုမီးလောင်မှုကြောင့် သေဆုံးသွားသူများအား မြို့ နယ် ဆေးရုံသို့ ပို့ ဆောင် ပေးခဲ့ပြီး အရာတော် မြို့ မ ရဲစခန်းမှ (ပ)၆/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၈၅/၃၃၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
ကျောက်သယ်ယာဉ် နှင့် ဆီသယ်ယာဉ်တို့ တိုက်မိပြီး မီးလောင်ခဲ့ရာ လူ ၃ ဦး သေဆုံး ကျောက်သယ်ယာဉ် နှင့် ဆီသယ်ယာဉ်တို့ တိုက်မိပြီး မီးလောင်ခဲ့ရာ လူ ၃ ဦး သေဆုံး Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.