အမည်မသိအမျိုးသားတစ်ဦး သံလွင်တံတားပေါ်မှ ခုန်ချ


ဘားအံ ဖေဖေါ်ဝါရီ ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်က အမည်မသိ အမျိုးသားတစ်ဦးသည် သံလွင်တံတားပေါ်မှ သံလွင်မြစ်အတွင်းသို့ ခုန်ချပျောက်ဆုံးသွားကြောင်း သိရသည်။

ဘားအံမြို့ဘက်မှ သထုံမြို့ဘက်သို့ အမည်နေရပ်လိပ်မသိ အသက်(၂၂)ခန့် ၊ ဆံပင်ဘိုကေ၊ အသားဖြူ ၊ အရပ် ၅ ပေ ၅ လက်မခန့်ရှိ ကုလယ်ဆင် အကျီာင်္အနီရောင်လက်တို၊ ဘောင်းဘီအရှည်၊ ခရီးဆောင်အိတ်လွယ်ထား သူမှာ သံလွင်တံတားအလယ် တံတားတိုင်အမှတ် PH 8 နှင့် PH 7 ကြားအရောက် ၄င်းမောင်နှင်လာသည့် မော်တော် ဆိုင်ကယ်အမှတ် ၂ယ/၅၆၄၀၆ Dream125 စိမ်းပြာရောင်ဆိုင်ကယ်အား ရပ်တန့်ဇတ်သော့ခတ်ပြီး သော့နှင့်ဆိုင်ကယ် ဦးထုတ်အနီရောင်တစ်လုံးတို့အား အနီးတွင်ပစ်ချ၍ တံတားလက်ရန်းအားကျော်တက်ခုန်ချသွားကြောင်း စောမောင်ကြီး ဘားအံမြို့ အမှတ်(၇)ရပ်ကွက်နေသူနှင့် တပ်ကြပ် ဇေယျာမျိုးသူ ဘားအံမြို့ အမှတ်(၅)တပ်မတော်တပ်ထိန်းတို့မှ မြင်တွေ့လိုက်ရ၍ တားဆီးသော်လည်း မရရှိဘဲ မြစ်အတွင်းခုန်ချပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ရာသို့ ဘားကပ်ရဲကင်းမှူးရဲအုပ်ဇော်လင်းနှင့်အဖွဲ့သည် ဘားကပ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးစံသွယ် နှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ ကျန်ရှိသောမော်တော်ဆိုင်ကယ်၊ သောနှင့်အနီရောင်ဆိုင်ကယ်ဦးထုတ် တစ်လုံးတို့အား သိမ်းဆည်းထားရှိပြီး ခုန်ချပျောက်ဆုံးသွားသောအမည်မသိလူငယ်၏ အမည်နှင့်နေရပ်လိပ်စာတို့အား စုံစမ်းလျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရွာသူ/သားများနှင့်ပူးပေါင်း၍ စက်လှေများဖြင့် မြစ်အတွင်းလိုက်လံ ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

ကရင် ပြန်/ဆက်
အမည်မသိအမျိုးသားတစ်ဦး သံလွင်တံတားပေါ်မှ ခုန်ချ အမည်မသိအမျိုးသားတစ်ဦး သံလွင်တံတားပေါ်မှ ခုန်ချ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.