ဆွမ်ပရာဘွမ် မြို့နယ်ရှိ ကျောင်း ၅ ကျောင်းမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများ စာမေးပွဲဖြေဆိုခွင့်မရ


နယ်မြေအေးချမ်းမှုမရှိသောကြောင့် ဆွမ်ပရာဘွမ် မြို့နယ်ရှိ ကျေးရွာငါးရွာမှ မူလတန်းနှင့် အလယ်တန်းကျောင်းများတွင် အတန်းတင် စာမေးပွဲကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း ဆွမ်ပရာဘွမ်မြို့နယ် ပညာရေးမှူး ဦးသက်လွင်ကပြောသည်။

ဆွမ်ပရာဘွမ်မြို့မှ အဆိုပါကျေးရွာများသို့ မေးခွန်းပို့ပေးရန် လမ်းအခြေအနေမှာ အန္တရာယ်ရှိနေသောကြောင့် သုံးလို့မရဖြစ်နေသည့်အတွက် ယခုလိုစာမေးပွဲ မကျင်းပနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလက ခါ့ဂရန်းယာန်မှာ အဋ္ဌမတန်း စာစစ်ဌာနတစ်ခုရယ် စတုတ္ထတန်း စာစစ်ဌာနတစ်ခုရယ်၊ မိုင်ထောင် အမက ၊ အမက ဆွပ်ခါး၊ အမကဒရုခ ၊ အမကလိုင်ဝါးယာန် ကျောင်းတွေပါ၊ စာမေးပွဲမဖြေနိုင်တဲ့ကျောင်းသား စုစုပေါင်းက အဋ္ဌမတန်း (၅)ယောက် မူလတန်းက (၃၂) ယောက်ရှိတယ်၊ သူတို့ကို လမ်းကြောင်းပွင့်သွားပြီ အေးဆေးဖြစ်သွားပြီ ဆိုရင် second plan အနေနဲ့ ပြန်ဖြေခိုင်းဖို့ ရည်ရွယ်ထားပါတယ်” ဟု ဆွမ်ပရာဘွမ်မြို့နယ် ပညာရေးမှူးက ပြောသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ က တပ်မတော်ကစစ်ဆင်ရေးတွေ မလုပ်နိုင်အောင်ဟုဆိုကာ မြစ်ကြီးနား -ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပေါ်ရှိ လမ်းတံတား တချို့ကို ဖျက်ဆီးခဲ့ကြောင်း ကေအိုင်အေ ကဝန်ခံထားသည်။

Kachinwaves
https://www.facebook.com/kachinwavesnews
ဆွမ်ပရာဘွမ် မြို့နယ်ရှိ ကျောင်း ၅ ကျောင်းမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများ စာမေးပွဲဖြေဆိုခွင့်မရ ဆွမ်ပရာဘွမ် မြို့နယ်ရှိ ကျောင်း ၅ ကျောင်းမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသားများ စာမေးပွဲဖြေဆိုခွင့်မရ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.