လယ်ဝေးမြို့နယ်၌ အမျိုးသား အလောင်း(၁)လောင်းတွေ့ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ည ၈ နာရီအချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာအနောက်မြောက်ဘက် သင်္ချိုင်းအုတ်ဂူများနှင့် ဆည်မြောင်းကြားဘောင်အောက်၌ လူသေအလောင်း(၁)လောင်းတွေ့ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်ပါသည်။

အဆိုပါ အလောင်းအား ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမျိုးသား (၁)ဦး(စိစစ်ဆဲ)တွင် မျက်နှာညိုမဲ၊ ပါးစပ်၊ နှာခေါင်း သွေးထွက်၊ ချိုစောင်း၊ ကျော၊ တံကောက်ကွေး၊ ယာခြေခုံနှင့် ခြေသလုံးတို့တွင် ပွန်းခြစ်ဒဏ်ရာများ၊ ဝဲနား စိန်နားကပ်(၁)ခု၊ လက်ခလယ် ရွှေလက်စွပ်(၁)ကွင်း၊ ဘောင်းဘီဝဲဘက်အိတ်ကပ်အတွင်းမှ ဖုန်း(၁)လုံး၊ သော့တွဲ(၁)တွဲ၊ ပိုက်ဆံအိတ်(၁)လုံး (ပိုက်ဆံမပါ)၊ ဖိနပ်(၁)ရံတို့ တွေ့ရှိခဲ့သည်။

 ၎င်းဖုန်းအတွင်းရှိ ဖုန်းအမှတ် ၀၉ ×××××××× အား ဆက်သွယ်ခဲ့ရာ သေဆုံးသူ၏ မိခင်ဖြစ်သူနှင့် အဆက်အသွယ်ရရှိခဲ့သဖြင့် သေဆုံးသူမှာ ဇမ္ဗူသီရိ မြို့နယ်၊ ခရေအိမ်ရာနေ ဝေယံ(၂၄)နှစ်ဖြစ်ကြောင်း သိရှိရပြီး မိခင်ဖြစ်သူ၏ ပြောပြချက်အရ သေဆုံးသူ ဝေယံသည် အရက်အလွန်အကျွံသောက်ကြောင်း၊ လွန်ခဲ့သော(၁)လခန့်က ဆိုင်ကယ် မတော်တဆဖြစ်၍ ဦးခေါင်းတွင်ဒဏ်ရာရရှိထားကြောင်း၊ တစ်ခါတစ်ရံ စိတ်မူမမှန်ကာ ဆူပူ သောင်းကျန်းသဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး)တွင် ကုသမှုခံယူခဲ့ကာ နေအိမ်သို့ပြန်လာခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အိမ်မှထွက်သွားရာမှ ပြန်လည်ရောက်ရှိခြင်းမရှိကြောင်း သိရှိရသဖြင့် လယ်ဝေးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈)ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

သစ်ထူးလွင်
လယ်ဝေးမြို့နယ်၌ အမျိုးသား အလောင်း(၁)လောင်းတွေ့ရှိ လယ်ဝေးမြို့နယ်၌ အမျိုးသား အလောင်း(၁)လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.