နမ့်​ဆန်​မြို့နယ်​ နမ့်တွေရွာတွင် မီးထပ်​​မံ​လောင်​ကျွမ်း ​နေအိမ်​ ၃ လုံး ပျက်​စီးဆုံးရှုံး


ဖေ​ဖော်​ဝါရီ ၂၁ ရက်​၊ နမ့်​ဆန်​။

ပ​လောင်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ နမ့်​ဆန်​မြို့နယ်​ နမ့်​​တွေေ​ကျးရွာ၌ ယ​နေ့ ​ဖေ​ဖော်​ဝါရီ ၂၁ ရက်​​ ​နေ့လည်​ပိုင်း ၁၁ နာရီခန့်​တွင်​ မီး​လောင်​ကျွမ်းမှု ထပ်မံဖြစ်​ပွားခဲ့ပြီး ​နေအိမ်​ ၃ လုံး မီးလောင်ကျွမ်းခဲ့​ကြောင်း သိရသည်​။

နမ့်​​တွေရွာခံ နွယ်​​လေးက "စ​လောင်​တဲ့အိမ်​က အိမ်​​ပေါ်မှာ ဓာတ်​ဆီပုံးတွေ ထားတာ​လေ။ ​နေပူဒဏ်​​ကြောင့်​ မီးထ​လောင်​တာ။ မီး​လောင်​​တော့ မီးသတ်​တဲ့စက်​ကလည်း နှိုးမရဘူး။ မီးသတ်​တဲ့ နှစ်​ယောက်​ကလည်း အလုပ်​သွား​နေတာ။ ဝိုင်းငြိမ်း​ပေမယ့်​ ​လေဒဏ်​​ကြောင့်​ ဘယ်​လိုမှ မနိုင်​တဲ့အဆုံး ၃ အိမ်​ပါသွားတယ်​" ဟု မားနဂါးသတင်းဂျာနယ်သို့ အတည်ပြု ​ပြောဆိုသည်​။


မီး​လောင်​ကျွမ်းမှု​ကြောင့်​ အိမ်​​ထောင်​စု ၄ စုသည်​ အိုးမဲ့အိမ်​မဲ့ဖြစ်​ပြီး နီးစပ်​ရာ ​ဆွေးမျိုးများ၏ ​နေအိမ်​များတွင်​ သွား​ရောက်​ခိုလှုံ​နေရ​ကြောင်း သိရသည်​။

"ပါသွားတာက ဆန်​ ၁၀ အိတ်၊ ဆိုင်​ကယ်​တစ်​စီး၊ ပိုက်​ဆံ ၄ သိန်းနီးပါးပါတယ်​။ ပြီး​တော့ အိမ်​​တွေက နှစ်ထပ်​အိမ်​အကြီးကြီး​တွေ​လေ အကုန်​ပါသွားတယ်​။ အဝတ်​အစား အထည်​​တွေ သုံးလို့ရမယ့်​ပစ္စည်း အကုန်​ပါသွားတယ်​" ဟု နွယ်​​လေးက ဆက်​​ပြောသည်​။

နမ့်​ဆန်​မြို့နယ်​တွင်​ မီးမကြာခဏ​လောင်​ကျွမ်းမှုဖြစ်​ပွားခဲ့ပြီး ပြီးခဲ့သည့်​ ​ဖေ​ဖော်​ဝါရီ ၁၈ ရက်​​တွင်​လည်း နမ့်​ဆန်​မြို့နယ်​ ​ခေးခင်​​ကျေးရွာတွင်​ မီး​လောင်​ကျွမ်းမှု​ကြောင့်​ ဘုန်းကြီး​ကျောင်းဆောင် ပျက်​စီးဆုံးရှုံးခဲ့သည်​။

Photo- Local Youth
မိုင်းအနိုင်​၊ မားနဂါး
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
နမ့်​ဆန်​မြို့နယ်​ နမ့်တွေရွာတွင် မီးထပ်​​မံ​လောင်​ကျွမ်း ​နေအိမ်​ ၃ လုံး ပျက်​စီးဆုံးရှုံး နမ့်​ဆန်​မြို့နယ်​ နမ့်တွေရွာတွင် မီးထပ်​​မံ​လောင်​ကျွမ်း ​နေအိမ်​ ၃ လုံး ပျက်​စီးဆုံးရှုံး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.