ပခုက္ကူ-ရေစကြိုကားလမ်းတွင် ဆိုင်ကယ် ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် နှစ်ဦးသေဆုံး


ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုကားလမ်းတွင် ဖေဖော်ဝါရီ(၂၂)ရက်နေ့က ဆိုင်ကယ်တစ်စီးတိမ်းမှောက်ခဲ့၍ လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပခန်းကြီးနယ်မြေရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၂၂)ရက်နေ့ နံနက်(၁၁)နာရီခွဲ အချိန်က ပခုက္ကူ-ရေစကြိုကားလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပခန်းကြီးနယ်မြေရဲစခန်းမှူး ဒုရဲအုပ် စန်းလွင် သွားရောက်စစ်ဆေးခဲ့ရာ နံနက်(၅)နာရီခွဲအချိန်ခန့်က ပခုက္ကူ-ရေစကြိုကားလမ်းအတိုင်း ရေစကြိုဘက် မှ ပခုက္ကူဘက်သို့ အောင်ဆွေဝင်း၊ ၃၈နှစ်၊ အမှတ်(၁၃)ရပ်ကွက်၊ ပခုက္ကူမြို့နေသူမောင်းနှင်ပြီး ဦးမြင့်ဦး၊ ၄၇နှစ်၊ ပခန်းကြီးကျေးရွာ၊ ရေစကြိုမြို့နယ် နေသူလိုက်ပါလာသည့် နံပါတ်မပါ Pinbo-125 ဖြူနက်ကြားဆိုင်ကယ်သည် မိုင်တိုင်အမှတ် ၁၃/၁ နှင့် ၁၃/၂ ကြား မြေဖြူ ကျေးရွာအနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ တံတားရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့၍ အောင်ဆွေဝင်းတွင် နဖူးမှ ယာဘက်ပါးပြင်အထိ ကွဲအက်သွေးထွက်ဒဏ်ရာဖြင့်လည်းကောင်း၊ ဦးမြင့်ဦးတွင် ဦးခေါင်းဝဲဘက်ခြမ်း ကွဲအက်ဒဏ်ရာဖြင့်လည်းကောင်း အသီးသီး သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

 ဖြစ်စဉ်နှင့် ပက်သက်၍ ယာဉ်မောင်း အောင်ဆွေဝင်းအား အရေးယူပေးရန် ဒုရဲအုပ် စန်းလွင် မှ တရားလိုပြုတိုင်ကြားခဲ့၍ ရေစကြိုမြို့နယ်၊ ပခန်းကြီး နယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပခုက္ကူ-ရေစကြိုကားလမ်းတွင် ဆိုင်ကယ် ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် နှစ်ဦးသေဆုံး ပခုက္ကူ-ရေစကြိုကားလမ်းတွင် ဆိုင်ကယ် ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက် နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.