စစ်တွေတွင် ဗုံး ၃ လုံးပေါက်ကွဲ


ရခိုင်ဂေဇက်၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ ဖေဖေါ်ဝါရီ ၂၄ ရက် နံနက် ၄ နာရီအချိန်ခန့်က စစ်တွေမြို့ရှိ နေရာ ၃ ခုတွင် ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့သည်။

အဆိုပါဗုံး​ပေါက်​ကွဲရာ​နေရာများမှာရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနီး၊ စစ်တွေ ခရိုင်တရားရုံးအနီးနှင့် ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံး အနီးတို့တွင်​ ​ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

“ရခိုင်ပြည်နယ်တရားလွှတ်တော်နားတစ်လုံး ရုံးဒေါင့်က ထရန်စဖော်မာနား၊ နောက် ၄ နာရီ ၁၁ မိနစ် ကမ်းနားလမ်း ရခိုင်ပြည်နယ် အတွင်းရေးမှူး အိမ်နားတစ်လုံး နောက်ပလက်ဖောင်းတည့်တည့် ပြည်နယ်မြေစာရင်းရှေ့တစ်လုံး၊​ပေါက်​ကွဲမှုဖြစ်​တယ်​၊ ပြီးတော့မိုင်းရှင်းရာပြည်နယ် မြေစာရင်းရှေ့ မပေါက်ဘဲ ၃လုံးတွေ့တယ်ဟု"ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက မီဒီယာများသို့ အတည်ပြုပြောကြားသည်။


ပေါက်ကွဲချိန်များမှာ နံနက် ၄ နာရီ ၁၀ မိနစ်နှင့် ၄ နာရီ ၁၁ မိနစ်တို့တွင် မိနစ်ပိုင်းခြားပြီး ပေါက်ကွဲခြင်း ဖြစ်ကြောင်း ရဲမှူးကြီးက ပြောကြားသည်။

ပေါက်ကွဲမှုအတွင်း အနီးအနား အဆောက်အအုံတစ်ချို့ထိခိုက်ပျက်စီးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ၎င်းတို့မှာ ရဲတပ်သား နန်းတင် ဖြစ်ပြီး နောက်စေ့ အစထိမှန် (မစိုးရိမ်ရ)နှင့် နောက်တစ်ဦးမှာ အရပ်သား ဒေါက်တာအေးချမ်းမောင်မောင်ဖြစ်ပြီး လက်တွင် ထိမှန်ပြီး (မစိုးရိမ်ရ) တို့ဖြစ်ကြောင်းကာ ၎င်းတို့ကို စစ်တွေဆေးရုံတွင်ကုသနေကြောင်း သိရသည်။


၎င်းမိုင်းများသည် အဝေးထိန်းဒေသန္ဒရ လက်လုပ်မိုင်းဖြစ်ကြောင်းသိရကာ အဆိုပါနေရာများအား မိုင်းရှင်းလင်းရေး GE တပ်မှ ရှင်းလင်းလက်ရှိ​ကြောင်းသည်။

ဇွဲလင်းနိုင် (စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
စစ်တွေတွင် ဗုံး ၃ လုံးပေါက်ကွဲ စစ်တွေတွင် ဗုံး ၃ လုံးပေါက်ကွဲ Reviewed by THITHTOOLWIN on 10:22 Rating: 5
Powered by Blogger.