ဗြိတိန် နိုင်ငံ အလယ်ပိုင်း ဒေသ ရှိ အဆောက်အဦ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားရာ မှ မီးလောင်ခဲ့သဖြင့် လူပေါင်း အနည်းဆုံး ၅ ဦး သေဆုံး

ဗြိတိန် နိုင်ငံ အလယ်ပိုင်း Leicester မြို့ရှိ သုံးထပ် အဆောက်အဦ ပေါက်ကွဲ မီးလောင် ခဲ့စဉ်(ဆင်ဟွာ)
လန်ဒန် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

    ဗြိတိန် နိုင်ငံ အလယ်ပိုင်း Leicester မြို့ရှိ သုံးထပ် အဆောက်အဦ တစ်ခု သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညပိုင်း အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး မီးလောင် ခဲ့ရာ လက်ရှိအချိန်ထိ လူပေါင်း ၅ ဦး သေဆုံး ခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက်အရ ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ ဖြစ်ပွား ခဲ့သည့် ပေါက်ကွဲမှုကြောင့် အဆောက်အဦ ပြိုလဲ သွားခဲ့ပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများ က ပေါက်ကွဲမှု မှာ လွန်စွာ ပြင်းထန်ကာ အိမ်တွင် သိသာစွာ ခံစားမိခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ အခင်း ဖြစ်ပွား ခဲ့ပြီးနောက်တွင် အနီးပတ်ဝန်းကျင် အဆောက်အဦ များ လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ကြကြောင်း သိရှိရသည်။

ဗြိတိန် နိုင်ငံ ရဲတပ်ဖွဲ့ က ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကို လက်ရှိချိန်တွင် ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၄င်းတို့အနက် တစ်ဦး မှာ ဒဏ်ရာလွန်စွာ ပြင်းထန်ကြောင်း ၊ ပေါက်ကွဲမှု ဖြစ်ပွား ရခြင်း နှင့် ပတ်သက်၍ လက်ရှိချိန်တွင် မသိရှိရသေးဘဲ ရဲတပ်ဖွဲ့ အနေဖြင့် အကြမ်းဖက်မှု နှင့် မသက်ဆိုင်ဟု ယူဆကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

လက်ရှိချိန်တွင် မီးလောင်မှု ကို ထိန်းချုပ် နိုင်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကာ ပြိုလဲခဲ့သည့် အဆောက်အဦ အောက်တွင် လူများ ကျန်ရှိနိုင်သေးကြောင်း သိရှိရသည်။

(Xinhua)
http://xinhuamyanmar.com
ဗြိတိန် နိုင်ငံ အလယ်ပိုင်း ဒေသ ရှိ အဆောက်အဦ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားရာ မှ မီးလောင်ခဲ့သဖြင့် လူပေါင်း အနည်းဆုံး ၅ ဦး သေဆုံး ဗြိတိန် နိုင်ငံ အလယ်ပိုင်း ဒေသ ရှိ အဆောက်အဦ တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားရာ မှ မီးလောင်ခဲ့သဖြင့် လူပေါင်း အနည်းဆုံး ၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.