အိန္ဒိယ နယ်စပ်အနီး မြန်မာဘက်က ဆည်တစ်ခု ဆောက်လုပ်

မဏိပူဘက်ကနေ မြန်မာဘက်ကို စီးဆင်းတဲ့ တွိဂျမ်မြစ် ကို တားဆီးပြီး ဆည်တစ်ခု ဆောက်လုပ်နေသည်ကို တွေ့ရစဉ် / Photo: www.thehindu.com
အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်နဲ့ နယ်စပ်အနီး မြန်မာဘက်ခြမ်းမှာ ဆောက်လုပ်နေတဲ့ ဆည် တစ်ခု နဲ့ ပတ်သက်ပြီး၊ မဏိပူဘက်က ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ The Hindu သတင်းစာက ဖေါ်ပြပါတယ်။

နှစ်နိုင်ငံ နယ်စပ် ကြားခံဇုန် နဲ့ ပေ သုံးရာကျော် အကွာမှာ၊ မဏိပူဘက်ကနေ မြန်မာဘက်ကို စီးဆင်းတဲ့ တွိဂျမ်မြစ် ကို တားဆီးပြီး၊ ဆည်ဆောက်နေတာကြောင့် မဏိပူဘက်မှာ ရေလျှံတာတွေ၊ ရေခန်းခြောက်တာတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဆည် က အသေးစား ဖြစ်ပေမယ့် ဒေသခံတွေ ပူပန်နေကြတာကြောင့် လာမယ့် သီတင်းပတ်အတွင်း အိန္ဒိယ ဗဟိုအစိုးရထံ သတင်းပေးပို့ပြီး မြန်မာဘက်ကိုလည်း စုံစမ်းရေး အဖွဲ့တစ်ဖွဲ့ စေလွှတ်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
အိန္ဒိယ နယ်စပ်အနီး မြန်မာဘက်က ဆည်တစ်ခု ဆောက်လုပ် အိန္ဒိယ နယ်စပ်အနီး မြန်မာဘက်က ဆည်တစ်ခု ဆောက်လုပ် Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.