ဆီဘောက်ဆာနှစ်စီး ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွား

တွံတေးမြို့နယ် ပန်းလှိုင်တံတားအဆင်း ဘုရားငူကျေးရွာအနီး မီးလောင်မှုဖြစ်ပွား
တွံတေးဖေဖော်ဝါရီ(၂၃)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ပန်းလှိုင်တံတားအဆင်း တွံတေး-လှိုင်သာယာကားလမ်းဘေးရှိ စက်သုံးဆီသိုလှောင်သည့် ဂိုဒေါင်တစ်ခု ဖေဖော်ဝါရီ(၂၃)ရက် နေ့လည် ၁နာရီကဆီဘောက်ဆာနှစ်စီး ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ -ဘုရားငူကျေးရွာမြောက်ဘက် ရွာအစွန်းကားလမ်းဘေးရှိ ဦးကျော်ညွန့်(မန်နေဂျာ)လုပ်ကိုင်နေသည့် အမည်မရှိ(၈၀)ပေပတ်လည် ကျယ်ဝန်းသော ခြံဝန်းအတွင်း၌ 7K----ဓာတ်ဆီဘောက်ဆာယာဉ်နှင့် ----- ဓာတ်ဆီဘောက်ဆာယာဉ်တို့သည် ကားဖင်ခြင်းကပ်လျက် ဆီလှယ်ရာမှ ယာဉ်တွင်ရှိသော ဆီဘား(၂)ခုအား စုံပိတ်စဉ်တွန်းကန်အားဖြင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


တွံတေးမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊လှိုင်၊ ရွှေပြည်သာ၊ အင်းစိန်မြို့နယ်များမှ မီးသတ်ယာဉ် (၂၉) စီးအုပ်ချုပ်မှုယာဉ် (၇) စီး၊ အထောက်အကူပြုယာဉ် (၁၈) စီးတို့ဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၅၀) မီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာပြည်သူလူထု (၅၀) ဦးတို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နေ့လည် ၁နာရီ၎ဝမိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁နာရီ ၅၅အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဆီဘောက်ဆာ (၂)စီး 8F/---- ဆီသယ် DYNAယာဉ်(၁)စီးတို့ မီးလောင်ဆုံးရှုံးခဲ့ရပြီး ဆီခြံလုပ်သား မင်းထွန်းနိုင်အသက် (၁၉) နှစ် ၊ စွန်းရဲကျေးရွာ၊ မင်းပြားမြို့ ရခိုင်ပြည်နယ်နေသူတွင် ဝဲ။ ယာဒူး၊ ခြေချင်းဝတ်တို့တွင် မီးလောင်ဒဏ်ရာ၊ ယာလက်ခုံပွန်း၊ မျက်နှာတွင် မီးဟပ်သည့်ဒဏ်ရာရရှိပြီး လှိုင်သာယာဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ်လည်းကောင်း၊ မီးငြိမ်းသတ်သည့် အရံမီးသတ်ဒုတပ်ကြပ်အောင်ကျော်ဝင်းအသက် (၂၁) နှစ် အေးရိပ်ငြိမ်လမ်း ရှမ်းချောင်းကျေးရွာ၊ လှိုင်သာယာမြို့နယ်နေသူတွင် ဝဲလက်ခုံပွန်း၊ ဝဲ။ ယာဒူးဖူးရောင်ဒဏ်ရာတို့ရရှိပြီး လှိုင်သာယာဆေးရုံတွင် (ပြင်ပလူနာ) အဖြစ်လည်းကောင်း တက်ရောက်ကုသခဲ့ရပြီး ဆီခြံတာဝန်ခံဦးကျော်ညွှန့် (စုံစမ်းဆဲ) ဖြစ်ကြောင်း စုံစမ်းသိရှိရ၍ မီးပေါ့ဆစွာသုံးစွဲသူ တာဝန်ခံဦးကျော်ညွှန့်အား ဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆီဘောက်ဆာနှစ်စီး ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွား ဆီဘောက်ဆာနှစ်စီး ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.