မြောက်ကိုးရီးယားခေါင်းဆောင်များ တရားမဝင် နိုင်ငံကူးပတ်စ်ပို့ သုံးခဲ့တယ်ဟုဆို


မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ သူ့ရဲ့ဖခင် ကင်ဂျုံအီးလ်တို့ဟာ ၁၉၉၀ ခုနှစ်တွေအတွင်းက အနောက်နိုင်ငံတွေကို သွားဖို့အတွက် တရားမဝင်တဲ့ ဘရာဇီးလ်နိုင်ငံသား ပတ်စ်ပို့တွေနဲ့ ဗီဇာ လျှောက်ခဲ့တယ်လို့ အနောက်ဥရောပလုံခြုံရေးကောင်စီ တာဝန်ရှိသူတွေက ရိုက်တာစ်သတင်းဌာနကို ဒီနေ့ပြောပါတယ်။

ရိုက်တာစ်သတင်းဌာနက တွေ့မြင်ရတဲ့ ဘရာဇီးလ်နိုင်ငံသားပတ်စ်ပို့ မိတ္တူတွေကို အရင်ကတခါမှ မထုတ်ပြန်ခဲ့ဖူးပါဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘရာဇီးလ်နိုင်ငံက မြောက်ကိုးရီးယားသံရုံးကို ဆက်သွယ်ရာမှာ တစ်စုံတရာမှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ ဘရာဇီးလ်နိုင်ငံခြားရေးဌာနကတော့ အဲဒီကိစ္စကိုစုံစမ်း စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။

ကင်ဂျုံအွန်နဲ့ ကင်ဂျုံအီးလ်တို့ဟာ Josef Pwag နဲ့ Ijong Tchoi ဆိုတဲ့နာမည်တုတွေနဲ့ ဘရာဇီးလ်ပတ်စ်ပို့တွေမှာ သူတို့ဓါတ်ပုံတွေကပ်ပြီး အနည်းဆုံး အနောက်နိုင်ငံနှစ်ခုမှာ ဗီဇာလျှောက်ခဲ့တယ်လို့ နောက်ထပ် အနောက်ဥရောပလုံခြုံရေးကောင်စီက အရာရှိ ၄ ယောက်ကအတည်ပြုခဲ့ပါတယ်။

ခေတ်မီစက်ကိရိယာတွေနဲ့စစ်ဆေးရာမှာတော့ ပတ်စ်ပို့ကဓါတ်ပုံတွေဟာ ကင်မ်သားအဖနှစ်ယောက် ရဲ့ပုံတွေ စစ်မှန်ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။

ကင်မ်ဂျုံအွန်ဟာ ကလေးအရွယ်သာရှိနေသေးချိန် ၁၉၉၁ ခုနှစ်က ဘရာဇီးလ်ပတ်စ်ပို့နဲ့ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ခဲ့တယ်လို့ ဂျပန်နိုင်ငံထုတ် Yomiuri Shimbun သတင်းစာက ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြောက်ကိုးရီးယားခေါင်းဆောင်များ တရားမဝင် နိုင်ငံကူးပတ်စ်ပို့ သုံးခဲ့တယ်ဟုဆို မြောက်ကိုးရီးယားခေါင်းဆောင်များ တရားမဝင် နိုင်ငံကူးပတ်စ်ပို့ သုံးခဲ့တယ်ဟုဆို Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.