AirAsia ရဲ့ အာချယ်ခရီးစဉ် လေယာဉ်မောင်တွေပဲ ထားမယ်


အင်ဒီုနီးရှားနိုင်ငံ အာချယ်ပြည်နယ်အာဏာပိုင်တွေက သူတို့ပြည်နယ်ကို ပျံသန်းတဲ့ ခရီးသည်တင် လေယာဉ်ပျံတွေပေါ်က လေယာဉ်မယ်အားလုံး ခေါင်းဆောင်းပုဝါခြုံရမယ်လို့ ဗုဒ္ဓဟူးနေ့က အမိန့် ထုတ်ပြန်ခဲ့တဲ့အတွက် မလေးရှားပိုင် AirAsia လေကြောင်းလိုင်းက အာချယ်ပြည်နယ်ကို ပျံသန်းတဲ့ သူတို့လေယာဉ်ခရီးစဉ်တွေမှာ လေယာဉ်မောင်တွေကိုပဲ တာဝန်ပေးတော့မယ်လို့ မနေ့ကကြေညာ လိုက်ပါတယ်။ အင်ဒိုနီးရှားပိုင် Garuda ဂရူးဒါးလေကြောင်းလိုင်းကတော့ အမိန့်ကို လိုက်နာမယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း အစ္စလမ်ဘာသာ လမ်းညွန်ချက်စည်းကမ်းတွေနဲ့ အုပ်ချုပ်တဲ့ အာချယ်ပြည်နယ်မှာ လိင်ပြောင်းထားတဲ့ အမျိုးသမီး ၁၂ ဦးကို ရဲတွေက ဖမ်းဆီးပြီး အဝတ်အစားတွေ ချွတ်ကာ ရိုက်နှက်ခဲ့တယ်ဆိုတဲ့ သတင်းကို စုံစမ်းစစ်ဆေးဖို့ အင်ဒိုနီးရှားနိုင်ငံတော်ရဲတပ်ဖွဲ့ အကြီးအကဲက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

သက်ဆိုင်ရာတွေရဲ့ မနေ့က ပြောဆိုချက်အရဆိုရင် အလှပြင်ဆိုင်တွေကို ပြီးခဲ့တဲ့အပတ်က ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခဲ့တဲ့ အဲဒီ လိင်ပြောင်းထားသူတွေရဲ့ ဆံပင်တွေကိုလည်း ရဲတွေက ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလို အရေးယူဖို့ အမိန့်ထုတ်ပြန်ခဲ့တာကို လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
AirAsia ရဲ့ အာချယ်ခရီးစဉ် လေယာဉ်မောင်တွေပဲ ထားမယ် AirAsia ရဲ့ အာချယ်ခရီးစဉ် လေယာဉ်မောင်တွေပဲ ထားမယ် Reviewed by THITHTOOLWIN on 07:47 Rating: 5
Powered by Blogger.