မအူပင်-ဆားမလောက်ကားလမ်း ရေနံချောင်းရွာ၌ Probox ကိုယ်ပိုင်ယာဉ်မှ ဝင်ရောက်တိုက်မိသဖြင့် ကလေးငယ်တစ်ဦးသေဆုံး |
" ဖြစ်တဲ့ကားက ပရိုဘောက်ကားပါ ၊ ပရိုဘောက် ဆိုပေမဲ့ နံပါတ်အနီနဲ့ တက္ကစီကားတော့ မဟုတ်ပါဘူး ၊ ကိုယ်ပိုင်ကား နံပါတ်က ---- ၊ အဲ့ဒီကားက ရန်ကုန်ဘက်က လာတယ် ၊ မအူပင်ဘက် မျက်နှာချင်းဆိုင်ကလာတဲ့ ကုန်ကားတစ်စီးကို ရှောင်ရင်း လမ်းဘေးက လျှောက်လာတဲ့ ကောင်မလေးကို တိုက်မိသွားတာ ၊ ကောင်မလေးကလည်း ရေနံချောင်းရွာထဲက ထွက်လာပြီး လမ်းဘေးကနေ လျှောက်လာတာ မအူပင်ဘက်ကလာတဲ့ ကုန်ကားလိုပဲ ၊ အဲ့ဒီတော့ ပရိုဘောက်ကားက မဆင်မချင်မောင်းလာပြီး မျက်နှာချင်းဆိုင်ကလာတဲ့ ကုန်ကားနဲ့ ထိပ်တိုက်တွေ့လို့ ကွေ့ရှောင်တိမ်းရင်း လမ်းဘေးက ဒီကလေးကို တိုက်မိသွားပုံ ရတယ်လို့ " ရေနံချောင်းကျေးရွာသား တစ်ဦးက ပြောပါသည် ။
လူသေဆုံးမှုဖြစ်သည့် ယာဉ်ပေါ်တွင် ဖျာပုံမြို့နယ်နေသူ ၊ လွင်ကိုဇင် ၊ အသက် (၂၃) က မောင်းနှင်ပြီး နှစ်ဦးသာ လိုက်ပါရှိကြောင်း သိရသည်။
သတင်းပေးပို့သူ=ကိုကောင်းမြတ်
မအူပင်ကျော်လွှား
Probox ကိုယ်ပိုင်ယာဉ်မှ ဝင်ရောက်တိုက်မိသဖြင့် ကလေးငယ်တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
05:44
Rating: