လုံးခင်းမှာ ကုမ္ပဏီ လုပ်ကွက် ကျင်းဟောင်း ကျိုးပေါက်ပြီး အနည်းဆုံး လူ၅ဦးသေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြေစာပုံ ပြိုမှုတွေ မကြာခဏ ဖြစ်ပြီး လူသေဆုံးမှုတွေရှိ
ကချင်ပြည်နယ် လုံးခင်းကျေးရွာ အုပ်စုရဲ့ တမိုင်ခွဲ အကွာမှာ ရှိတဲ့ ကုဋေကျေးရွာနဲ့ ကပ်ရက် ကုမ္ပဏီ လုပ်ကွက် ကျင်းဟောင်းတခုရဲ့ အကာ ကျိုးပေါက် သွားခဲ့တဲ့အတွက် အနည်းဆုံး လူ၅ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။

လောလောဆယ်မှာ ရုပ်အလောင်း ၅လောင်း ဆယ်ယူ ရထားပြီး နောက်ထပ် ပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ အခင်းဖြစ်ရာ နေရာကို ကိုယ်တိုင် သွားခဲ့တဲ့ လုံးခင်း NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်စိုးက ဘီဘီစီကို ပြောပါတယ်။

ရွှံ့နွံတွေနဲ့ ဖုံးနေတဲ့အတွက် ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ အတော်လေး ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ ကုမ္ပဏီ လုံခြုံရေး ဝန်ထမ်းတွေ ပါတယ်လို့ သိရပါတယ်။

ကျင်းဟောင်း ပြိုကျမယ့် အန္တရာယ် ရှိနေတာကို သိနေတဲ့အတွက် အဲဒီနေရာကို ရေမဆေး ကျောက်ရှာသမားတွေ ဝင်မလာအောင် ကုမ္ပဏီ လုံခြုံရေး ဝန်ထမ်းတွေက သွားရောက် တားဆီးခဲ့စဉ် အခုလို ကျင်းဟောင်း ကျိုးပေါက်ခဲ့တာလို့ ဦးတင်စိုးက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
လုံးခင်းမှာ ကုမ္ပဏီ လုပ်ကွက် ကျင်းဟောင်း ကျိုးပေါက်ပြီး အနည်းဆုံး လူ၅ဦးသေ လုံးခင်းမှာ ကုမ္ပဏီ လုပ်ကွက် ကျင်းဟောင်း ကျိုးပေါက်ပြီး အနည်းဆုံး လူ၅ဦးသေ Reviewed by THITHTOOLWIN on 01:53 Rating: 5
Powered by Blogger.