ကိုရီးယားသရုပ်ဆောင် ဟာဂျီဝန်းရဲ့မောင် ဂျန်တေဆိုး စိတ်ကျရောဂါနဲ့ ကွယ်လွန်


မြန်မာပရိတ်သတ်တွေကြားလူသိများတဲ့ ကိုရီးယားမင်းသမီး ဟာဂျီဝန်း (Ha Ji Won) ရဲ့မောင် သရုပ်ဆောင် ဂျန်တေဆိုး (Jeon Tae Soo) တယောက် ကာလရှည်ခံစားနေရတဲ့ စိတ်ကျရောဂါနဲ့ ဇန်န၀ါရီ ၂၁ ရက်မှာ ကွယ်လွန်သွားပါတယ်။

သရုပ်ဆောင် ဂျန်တေဆိုး (Jeon Tae Soo) ကွယ်လွန်ချိန်မှာ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး သူဟာ ကိုရီးယားရာဇ၀င် ဇာတ်လမ်းတွဲတခုဖြစ်တဲ့ ဆောင်ကျန်ကွမ်အရှုပ်တော်ပုံ (Sungkyunwan Scandal) ရုပ်သံဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားနှစ်ယောက်ရဲ့ပြိုင်ဘက် ဗီလိန်ခေါင်းဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

ဆောင်ကျန်ကွမ်အရှုပ်တော်ပုံ (Sungkyunwan Scandal) ရုပ်သံဇာတ်လမ်းတွဲကို ကိုရီးယားနိုင်ငံအတွင်း ၂၀၁၀ ခုနှစ်မှာ ထုတ်လွှင်ြ့ပသခဲ့တာဖြစ်ပြီး ဒီဇာတ်လမ်းတွဲထဲမှာ ဂျန်တေဆိုး (Jeon Tae Soo) ရဲ့ ပြိုင်ဘက်ဇာတ်ကောင် ခေါင်းဆောင်မင်းသားတဦးဖြစ်တဲ့ ဆောင်ဂျွန်ကီ (Song Joong-ki)ဟာ (မင်းသမီးအွန်စောရဲ့ခင်ပွန်း /Song Hye Kyo) အခုချိန်မှာ နာမည်ကျော်လူကြိုက်များတဲ့ မင်းသားတစ်ယောက် ဖြစ်နေပါပြီ။


ဂျန်တေဆိုး (Jeon Tae Soo) ကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ထုတ်လွှင့်ခဲ့တဲ့ All My Love, Daddy’s Girl, Cruel Palace - War of Flowers စတဲ့ဇာတ်လမ်းတွဲတွေမှာ အဓိကဇာတ်ရံအနေနဲ့ ပါဝင်ခဲ့ပါတယ်။ သရုပ်ဆောင်လုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ စိတ်ကျရောဂါကို ကုသနေရင်းက ခုလိုရုတ်တရက် ကွယ်လွန်ခဲ့တာပါ။

သူရဲ့အသုဘအခမ်းအနား ပြုလုပ်မယ့်နေ့ကိုတော့ မိသားစုဝင်တွေက ကြေညာပြောဆိုတာတွေ မရှိသေးပေမယ့် အစ်မဖြစ်သူဟာဂျီဝန်းကတော့ ဇာတ်ကားရိုက်ကူးမယ့် အစီအစဉ်တွေကို ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
ကိုရီးယားသရုပ်ဆောင် ဟာဂျီဝန်းရဲ့မောင် ဂျန်တေဆိုး စိတ်ကျရောဂါနဲ့ ကွယ်လွန် ကိုရီးယားသရုပ်ဆောင် ဟာဂျီဝန်းရဲ့မောင် ဂျန်တေဆိုး စိတ်ကျရောဂါနဲ့ ကွယ်လွန် Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.