မော်လမြိုင်မြို့တွင် လျှပ်စစ်မီးဖို ခလုတ်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား


မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်၊ လှိုင်ရွှေဝါလမ်းရှိ ဦးဇော်ဝင်းပိုင်ဆိုင်တဲ့ နေအိမ်မှာဇန်န၀ါရီ(၂၅)ရက် နံနက်(၁၀)နာရီ(၁၅)မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီမီးလောင်မှုဟာ နေအိမ်ရှိ လျှပ်စစ်မီးဖိုမှာ တပ်ဆင်ထားတဲ့(ဓားမိန်း)ခလုတ် အပူလွန်ကဲရာက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မော်လမြိုင်ခရိုင်မီးသတ် ဦးစီးဌာနမှူးရုံးက သိရပါတယ်။

အဲဒီမီးလောင်မှုကြောင့် ပေ(၁၄)၊ပေ(၂၀)ပေရှိသွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်(၅)သိန်းခန့်နဲ့ နေအိမ်ရှိ ငွေသားကျပ်(၆)သိန်း(၅)သောင်းကျပ်မီးလောင်ဆုံးရှုံး ခဲ့တယ်လို့သိရပါတယ်။


မီးလောင်မှုဖြစ်ပွားစဉ်မီးငြှိမ်းသတ်ဖို့အတွက် မော်လမြိုင်ခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၀)ဦးနဲ့ ရပ်ကွက်နေပြည်သူတွေ ၀ိုင်ဝန်းငြှိမ်းသတ်ရာ(၁၀)နာရီ(၂၁)မိနစ်ခန့်မှာ မီးထိန်းနိုင်ခဲ့ပြီး မနက်(၁၀)နာရီ(၂၅)မိနစ်ခန့်မှာတော့ မီးလုံးဝငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင်ကို ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ)၁၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ(၂၈၅)နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနကသိရပါတယ်။ ဒီသတင်းကို မော်လမြိုင်ဗျူရိုက ဗထူးပေးပို့ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မော်လမြိုင်မြို့တွင် လျှပ်စစ်မီးဖို ခလုတ်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား မော်လမြိုင်မြို့တွင် လျှပ်စစ်မီးဖို ခလုတ်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:42 Rating: 5
Powered by Blogger.