မြောက်​ဒဂုံမြို့နယ်​ ​ရေခဲဆိုင်​မှတ်​တိုင်​အနီး လုယက်​မှုဖြစ်


မြောက်​ဒဂုံမြို့နယ်​ ၄၆ရပ်​ကွက်​ ​ရေခဲဆိုင်​မှတ်​တိုင်​အနီး ဗိုလ်​ချိုလမ်း အုပ်​ချုပ်​​ရေးမှူးရုံးနားမှာ ပိုက်​ဆံအိတ်​လုယူမှုဖြစ်​ပွားခဲ့ပါတယ်​။ ဒီ​နေ့ည ၇နာရီဝန်းကျင်​​လောက်​မှာ လမ်း​လျှောက်​လာတဲ့ အမျိုးသမီးတစ်​ဦးရဲ့ပိုက်​ဆံအိတ်​ကို ဆိုင်​ကယ်​စီးလာတဲ့ အမျိုးသားနှစ်​ဦးက လုယူထွက်​​ပြေးသွားတာဖြစ်​ပါတယ်​။

 ဖြစ်​စဉ်​​ကြောင့်​ အမျိုးသမီးက လဲကျသွားခဲ့ပြီး​နောက်​ သတိလစ်​ကာ ပွန်းပဲ့ဒဏ်​ရာရခဲ့တယ်​လို့သိရပါတယ်​။ ပိုက်​ဆံအိတ်​အတွင်း ​မိဘဆီလွှဲမယ့်​ ​ငွေတစ်​သိန်း​ကျော်​၊ မှတ်​ပုံတင်​နဲ့ ဘဏ်​စာအုပ်​​တွေပါသွားတယ်​လို့ ကာယကံရှင်​ဖြစ်​သူအမျိုးသမီးက ဆိုပါတယ်​။ လက်​ရှိမှာ ထွက်​​ပြေးသွားသူနှစ်​ဦးကို သ်​ဆိုင်​ရာရဲတပ်​ဖွဲ့နဲ့ အုပ်​ချုပ်​​ရေးမှူး​တွေက ရှာ​ဖွေစုံစမ်း​နေပါတယ်​။

သတင်း - မျိုးမင်း(5 Plus News)
5 PLUS NEWS
https://www.facebook.com/5plusnews
မြောက်​ဒဂုံမြို့နယ်​ ​ရေခဲဆိုင်​မှတ်​တိုင်​အနီး လုယက်​မှုဖြစ် ​မြောက်​ဒဂုံမြို့နယ်​ ​ရေခဲဆိုင်​မှတ်​တိုင်​အနီး လုယက်​မှုဖြစ် Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.