မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာမှာ မီးလောင်မှုဖြစ်ပွား


မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာမှာ လူနေအိမ်နှစ်လုံး ယနေ့ ဇန်နဝါရီလ ၂၉ ရက် ညနေ ၉ နာရီခွဲကျော်က မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကို မသိရသော်လည်း ၁၀ မိနစ်အတွင်းမှာ နေအိမ်နှစ်ဆောင်စလုံး ပြာကျအောင် လောင်ကျွမ်းသွားကြောင်း ဒေသခံ ဦးအောင်က ပြောသည်။


" အခု ၉ နာရီ ၄၀ မိနစ်က ဖြစ်တယ်။ ၁၀ မိနစ်အတွင်းမှာ အိမ်နှစ်လုံးစလုံး ပြကျအောင် လောင်ကျွမ်းသွားတယ်။ လူတွေ ထိခိုက်တာ မရှိဘူး။ ပစ္စည်းဆုံးရှုံးမှုကတော့ မသိရသေးဘူး။ အခုတော့ မီးငြိမ်းသွားပါပြီ။ " ဟု ပြောသည်။

အဆိုပါ အိမ်နှစ်လုံးသာ မီးလောင်းကျွမ်းခြင်းဖြစ်ပြီး အခြားဘေးအိမ်များသို့ မီးလောင်းကျွမ်းမှု မကူးစက်တော့ကြောင်း သိရသည်။

ဓါတ်ပုံ - ဦးအောင်
Development Media Group
https://www.facebook.com/dmgnewsagency/
မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာမှာ မီးလောင်မှုဖြစ်ပွား မြောက်ဦးမြို့နယ် ကျွဲတဲကျေးရွာမှာ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 13:58 Rating: 5
Powered by Blogger.