တရုတ်ဟာ မောလ်ဒိုက်ဖ်နိုင်ငံမှာ နယ်မြေသိမ်းရေး အကြံရှိနေတယ်လို့ဆို


ပြည်ပရောက် မောလ်ဒိုက်ဖ်နိုင်ငံ အတိုက်အခံပါတီခေါင်းဆောင် Mohamed Nasheed က တရုတ်နိုင်ငံဟာ နိင်ငံရေးအရ ပြဿနာရှိနေတဲ့ မော်လ်ဒိုက်ဖ်နိုင်ငံရဲ့ နယ်မြေတွေကို ရယူနိုင်ဘို့ လုံးပမ်းနေတယ်လို့ စွပ်စွဲပြောကြားပါတယ်။

ဒီအခြေအနေကြောင့် မောလဒိုက်မှာ အစ္စလမ်အစွန်းရောက်တွေ ပြန်လည် ခေါင်းထောင်လာနိုင်တယ်လို့ Nasheed က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ပြောပါတယ်။

တရုတ်ဟာမော်လ်ဒိုက်မှာ ရေနက် ဆိပ်ကမ်းနဲ့ အခြေခံအဆောက်အုံတွေကို တည်ဆောက်နေပြီး အဲဒါဟာ တရုတ်နိုင်ငံရဲ့ မြေယာသိမ်းပိုက်ရေး အစီအစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

မော်လ်ဒိုက်နိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီ ၈၀% ဟာ တရုတ်ဆီမှာဖြစ်တာကြောင့် နောက်ဆုံး နယ်မြေကို ထိုးအပ်ရမဲ့ အခြေအနေရှိနေတယ်လို့ Nasheed ကပြောပါတယ်။ Nasheed ဟာ ၂၀၀၈ခုနှစ်က မော်ဒိုက်မှာ ဒီမိုကရေစီ နည်းလမ်းအရရွေးချယ်ခံရတဲ့ သမတ ဖြစ်ပေမဲ့ ဘာသာရေးအစွန်းရောက်တွေရဲ့ အာဏာသိမ်း ခံရပြီးနောက် နိုင်ငံက ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်ဟာ မောလ်ဒိုက်ဖ်နိုင်ငံမှာ နယ်မြေသိမ်းရေး အကြံရှိနေတယ်လို့ဆို တရုတ်ဟာ မောလ်ဒိုက်ဖ်နိုင်ငံမှာ နယ်မြေသိမ်းရေး အကြံရှိနေတယ်လို့ဆို Reviewed by THITHTOOLWIN on 05:05 Rating: 5
Powered by Blogger.