အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး ဝေါမြို့ ပိုင်နယ်မြေအတွင်း ကျောက်ခဲနှင့် အပစ်ခံရဟုဆို


ဝေါ ဇန်နဝါရီ (၂၁)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့ နယ်တွင် --- လိုင်းမှအဝေးပြေးခရီးသည်တင်Express ယာဉ်တစ်စီးကျောက်ခဲနှင့်အပစ်ခံရ၍ယာဉ်ပေါ်တွင်စီးနင်းလိုက်ပါလာသူအမျိုးသမီးတစ်ဦ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရ ရှိသည်။


ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇန်နဝါရီ (၁၉) ရက်နေည (၁၁) နာရီကျော်အချိန်ခန့် ကယာဉ်မောင်းကိုအောင်သန်းမိထ္ထီလာမြို့ နေသူမောင်းနှင်လာသည့်----ယာဉ်လိုင်းမှခရီးသည်တင် Express ယာဉ်နံပါတ် 4G/2232 ယာဉ်သည် ဝေါမြို့ နယ်ပိုင်ရန်ကုန် မော်လမြိုင် ကားလမ်းမကြီးဗိုလ်တဲအဗျားကျေးရွာအနီးသို့ ရောက်ရှိစဉ် အမည်မသိသူတစ်ဦ မှ ကျောက်ခဲနှင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ခဲနှင့်ပစ်ပေါက်ခံရမှုကြောင့်ယာဉ်၏ဝဲဘက်ပြတင်းပေါက်မှန်ကွဲကာ ယာဉ်ပေါ်ပါခရီးသည် အမျိုးသမီး တစ်ဦ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ခဲနှင့်ပစ်ပေါက်သည့်အမည်မသိသူမှာယာဉ်အားရပ်တန့် လိုက်စဉ် ထွက်ပြေးလွတ်မြောက်သွားပြီးဖေါ်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်းသိရ သည်။

Waw Media
Waw Media Page
https://www.facebook.com/reporter.wawmedia
အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး ဝေါမြို့ ပိုင်နယ်မြေအတွင်း ကျောက်ခဲနှင့် အပစ်ခံရဟုဆို အဝေးပြေးခရီးသည်တင်ယာဉ်တစ်စီး ဝေါမြို့ ပိုင်နယ်မြေအတွင်း ကျောက်ခဲနှင့် အပစ်ခံရဟုဆို Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.