မန္တ​လေးမြို့တွင် သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ-ထိုင်း ချစ်ကြည်ရေး မြန်မာအလှူရှင်များနှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်းတို့ပူးပေါင်း၍ သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၂၁ ရက် နံနက်​ ၆နာရီခွဲက မန္တလေးမြို့ ချမ်းမြသာစည်လေဆိပ်ကွင်းဟောင်း၌ ကျင်းပရာ သံဃာတစ်ပါးလျှင် နဝကမ္မဝတ္ထုငွေကျပ် ၃ဝဝဝဝ နှင့်အတူ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်​ လှူဖွယ်ဝတ္ထုစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


အဆိုပါ လှူဒါန်းမှုတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ထိုင်းနိုင်ငံအလှူရှင်များက ငွေကျပ်သိန်း ၄ဝဝဝ နှင့် မြန်မာနိုင်ငံအလှူရှင်များက ငွေကျပ်သိန်း ၄ဝဝဝ ​ကျော်​၊ စုစုပေါင်း လှူဒါန်း ငွေကျပ်သိန်း ၈ဝဝဝ ​ကျော်​နှင့်အတူ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို လောင်းလှူကြခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်း (မဟာမုနိဘုရားကြီးဂေါပကဥက္ကဋ္ဌ)က ပြောသည်။


''တစ်ပါးကို နဝကမ္မဝတ္ထုငွေကျပ် ၃ဝဝဝဝ နှုန်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းပါတယ်​။ နေ့ဆွမ်းကို ဘူးနဲ့ထည့်ပြီး သံဃာအပါး ၂ဝဝဝဝ ကို လောင်းလှူပွဲတံဆိပ်ပါတဲ့ ပလတ်စတစ် အိတ်လေးထဲမှာ ထည့်ပြီး တစ်ပါးချင်း ထပ်​မံကပ်​လှူပါတယ်​။''ဟု ၄င်းက ပြောသည်။

မန်းကိုကို
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တ​လေးမြို့တွင် သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ  မန္တ​လေးမြို့တွင် သံဃာအပါး ၂ဝဝဝဝ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ Reviewed by THITHTOOLWIN on 12:16 Rating: 5
Powered by Blogger.