ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ် ပြန် စဉ်းစားသင့်တယ်လို့ပြော


ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေး အစီအစဉ်ကို မရှင်းလင်းသေးတဲ့ကိစ္စတွေ ပြီးပြတ်အောင် လုပ်ြ့ပီးတဲ့အထိ ပြန်လည် စဉ်းစားသင့်တယ်လို့ ကုလသမဂ္ဂ နဲ့ တခြား ကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းလိုက်ကြပါတယ်။

ဒုက္ခသည်တွေ ပြန်ပို့ ရေးအစီအစဉ် အောင်မြင်ဖို့ အတွက် တချို့ကိစ္စတွေဟာ အခုအခါ ရှင်းရှင်းလင်း မရှိသေးကြောင်း၊ ဥပမာအားဖြင့် နိုင်ငံသား ပေးမယ် မပေးဘူးဆိုတာ ယတိပြတ် မသိရသေးကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗါမြို့အခြေစိုက် UNHCR ရဲ့ အကြီးအကဲ Filippo Grandi က ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ပြန်သွားတဲ့သူတွေကို ဘယ်လို ထားရှိဆောင်ရွက်တယ်ဆိုတာ စောင့်ကြည့်နိုင်မယ့် အစီအစဉ်မျိုးလဲ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

HRW အဖွဲ့ ပြောခွင့်ရှိသူကလဲ ရိုဟင်ဂျာတွေ လုံခြုံမှုနဲ့ စားရေးနေရေး အတွက် စိတ်ချယုံကြည်နိုင်လောက်တဲ့ အခြေအနေ မရှိသေးလို့ ကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ် ပြန် စဉ်းစားသင့်တယ်လို့ပြော ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ် ပြန် စဉ်းစားသင့်တယ်လို့ပြော Reviewed by THITHTOOLWIN on 08:19 Rating: 5
Powered by Blogger.