နိုင်ငံတကာ ရခိုင် အကြံပေးအဖွဲ့ထဲက Bill Richardson နုတ်ထွက်

မစ္စတာ Bill Richardson နဲ့ ရိုက်တာစ် သတင်းဌာန တွေ့ဆုံ မေးမြန်းနေစဉ်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ အကြံပေးအဖွဲ့ထဲကနေ အဖွဲ့ဝင် တဦးဖြစ်တဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း Bill Richardson နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီ အဖွဲ့ဟာ ရိုဟင်ဂျာ ပဋိပက္ခရဲ့ အရင်းဇစ်မြစ်ကို သုံးသပ် ကိုင်တွယ်ရမယ့်အစား အစိုးရ ပေါ်လစီကို အားပေး ချီးမြှောက်နေတဲ့ အဖွဲ့တဖွဲ့လို ပြုမူနေတယ်လို့ သူက ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ခေါင်းဆောင်ပိုင်း ကျင့်ဝတ်သိက္ခာ ကင်းမဲ့တယ် ဆိုပြီး သူက စွပ်စွဲ ပြောသွားပါတယ်။

အဖွဲ့ဝင် ၁၀ဦးပါ အဲဒီ အကြံပေးအဖွဲ့ရဲ့ အခုသီတင်းပတ် မြန်မာနိုင်ငံ ခရီးစဉ်မှာ မစ္စတာ Richardson လိုက်ပါမသွားခဲ့ပါဘူး။

အဖွဲ့ဝင် နောက်တဦး ဖြစ်တဲ့ တောင်အာဖရိက ဝန်ကြီးဟောင်း Roelof Meyer ကတော့ သူတို့ရဲ့ အကြံပေးအဖွဲ့အနေနဲ့ ဘာအကြံပြုချက်မှ မထုတ်ပြန် ရသေးတာမို့ သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ အစိုးရရဲ့ ပေါ်လစီအတိုင်း လက်ညှိုးထောင် ခေါင်းညိတ်လုပ်နေတယ် ဆိုပြီး စွပ်စွဲ ပြောတာမျိုးဟာ မတရားဘူးလို့ ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
နိုင်ငံတကာ ရခိုင် အကြံပေးအဖွဲ့ထဲက Bill Richardson နုတ်ထွက် နိုင်ငံတကာ ရခိုင် အကြံပေးအဖွဲ့ထဲက Bill Richardson နုတ်ထွက် Reviewed by THITHTOOLWIN on 05:41 Rating: 5
Powered by Blogger.