NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနဲ့ မေးမြန်းချက်


မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုမရှိဘူးလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ငြင်းဆိုလိုက်ပြီး သတင်းမှားတွေအပေါ် အခြေခံကာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်နဲ့ တရားစွဲဆိုနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောလိုက်တာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစဉ် အခုလို တုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်။

ဦးဥာဏ်ဝင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနဲ့ မေးမြန်းချက် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းနဲ့ မေးမြန်းချက် Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.