သဘာဝပတ်ဝန်းကျင်ရေးရာ ဆွေးနွေးပွဲ

တနင်္သာရီမြစ်ဖျားတနေရာမှာ ကျောက်မီးသွေးသယ်ကားတစီး တွေ့ရစဉ်
မြန်မာအစိမ်းရောင်အဖွဲ့က ဦးစီးကျင်းပတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်း ၄၉ ဖွဲ့တို့ဟာ ဘားအံမြို့နယ် ဇွဲကပင်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံနဲ့ ကမ္ဘာ့စွမ်းအင် အကူးအပြောင်းခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ပြီး အဲဒီခေါင်းစဉ်အောက်မှာ ကျောက်မီးသွေးစွမ်းအင်အကြောင်း ရေကာတာအကြောင်း လက်ပံတောင်း ဖားကန့်အကြောင်းအပါအဝင် အကြောင်းအရာတော်တော်များများဆွေးနွေးခဲ့ကြပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အစိုးရပြောင်းလဲလာပေမယ့် ထူးခြားတိုးတက်မှုရှိမလာဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အခုလိုဆွေးနွေးပွဲမှာ အစိုးရဝန်ကြီးတွေ၊ ၀န်ကြီးချုပ်တွေ တက်ရောက်ဆွေးနွေးလာတာမျိုးကတော့ အရင်အစိုးရလက်ထက်နဲ့ ထူးခြားတယ်လို့ မြန်မာအစိမ်းရောက် ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

အခုဆွေးနွေးပွဲဟာ မြန်မာအစိမ်းရောင်ကွန်ရက်ရဲ့ ၆ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပါတယ်။

အခု ၆ ကြိမ်မြောက် ဆွေးနွေးပွဲမှာ အရပ်ဖက် အဖွဲ့အစည်းတွေအပြင် အစိုးရအဖွဲ့ဝန်ကြီးတွေ သတင်းမီဒီယာသမားတွေ စုစုပေါင်း တက်ရောက်သူ ၂၆၁ ယောက်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအစိမ်းရောင်ကွန်ရက် တာဝန်ခံ ဒေါ်ဒေဝီသန့်စင်ကတော့ စီမံကိန်းတွေရဲ့ အဓိကပြဿနာဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အချက်ဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
သဘာဝပတ်ဝန်းကျင်ရေးရာ ဆွေးနွေးပွဲ သဘာဝပတ်ဝန်းကျင်ရေးရာ ဆွေးနွေးပွဲ Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.