ကားဖြင့် လိုက်တိုက်သူ ဓားခုတ်ခံရ၍ သေဆုံး


နေပြည်တော်၊ ဒီဇင်ဘာ ၁၇

၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာနေ မခင်ခင်ချို သည် နေအိမ်၌ရှိနေစဉ် ဘုရားမဲရွာသွားလမ်း ဆုံအနီးတွင် ခင်ပွန်းဖြစ်သူ လွမ်းနိုင်(ခ)သားဦး လဲနေကြောင်း သိရှိရ၍ သွားရောက်ကြည့်ရှုရာ 1J/ xxxx ISUZU ယာဉ်၏ ယာဘက်ခြမ်း၌ လွမ်းနိုင်(ခ)သားဦးအား ဝဲလက်မောင်းထိုးသွင်း ဒဏ်ရာ(၁)ချက်၊ လည်ဂုတ်ဝဲဘက်ခြမ်းပြတ်ရှဒဏ်ရာ(၁)ချက် တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိ ရသဖြင့် ပြစ်မှုကျူးလွန်သူအားဖော်ထုတ်အရေးယူပေးရန်တိုင်တန်းချက်အရ ကံပေါက်နယ်မြေ ရဲစခန်း(ပ)၆၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။

 တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းခဲ့ရာ အမှုမှမသင်္ကာသူ အုန်းပင်ကွင်း ကျေးရွာနေ ထင်လင်းကို(ခ)သားကြီး(၂၀)နှစ်နှင့် ဇင်မင်းကို(ခ)ဇင်ဇင်(၁၈)နှစ် တို့အားစစ်ဆေးရာ ဇင်မင်းကို(ခ)ဇင်ဇင်သည် သင်္ဃန်းညီနောင်ကျေးရွာအနီး ဆီအုန်းခြံစားသောက်ဆိုင်တွင် ဘီယာ သောက်နေစဉ် လွမ်းနိုင်(ခ)သားဦး ရောက်ရှိလာပြီး ရန်စသဖြင့် ၎င်း၏အစ်ကို ထင်လင်းကို(ခ) သားကြီးအား ဖုန်းဖြင့်ဆက်ခေါ်ခဲ့ကြောင်း၊ ထင်လင်းကို(ခ)သားကြီး မှ အရိုး/အသွား(၂၆)လက် မခန့် ဓားဦးချွန် ကိုင်ဆောင်ရောက်ရှိလာကာ ဆက်လက်စကားများစဉ် ဆိုင်ရှင်မှ ဝင်ရောက်ဖြန်ဖြေ ခဲ့ကြောင်း၊ ၎င်းတို့ညီအစ်ကို(၂)ဦးသည် ဆိုင်မှနေအိမ်သို့ပြန်လာစဉ် လမ်းမပေါ်၌ လွမ်းနိုင်(ခ) သားဦးမှ ကားဖြင့်လိုက်တိုက်ရာ ဇင်မင်းကို(ခ)ဇင်ဇင်၏ လက်ခုံအား ဘက်မှန်ဖြင့်တိုက်မိခဲ့ကြောင်း၊ ထို့နောက် ယာဉ်မှာအရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ထိုးကျသွားစဉ် ကားမှန်အားခွဲ၍ ထင်လင်းကို (ခ)သားကြီးမှ ယာဉ်ပေါ်ရှိ လွမ်းနိုင်(ခ)သားဦးအား ဓားဦးချွန်ဖြင့်(၂)ချက်ထိုးခဲ့ကြောင်း စစ်ဆေး သိရှိရသဖြင့် ထင်လင်းကို(ခ)သားကြီးနှင့် ဇင်မင်းကို(ခ)ဇင်ဇင်တို့အား အမှုဖြင့်ဖမ်းဆီး စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ကားဖြင့် လိုက်တိုက်သူ ဓားခုတ်ခံရ၍ သေဆုံး ကားဖြင့် လိုက်တိုက်သူ ဓားခုတ်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.