စစ်တွေမြို့လယ်ခေါင်ရှိ လျှပ်စစ်အရောင်းဆိုင် ဖောက်ထွင်းခံရ


စစ်တွေ၊ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ခေါင်ရှိ အောင်သစ်ဆန်း အီလစ်ထရောနစ် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်သည် ဒီဇင်ဘာ ၁၂ ရက်နေ့ ညက ဖောက်ထွင်းခံရသည်ဟု စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ သိရသည်။

အဆိုပါ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်မှ မိုဘိုင်းဖုန်း အလုံး ၂၀ကျော်၊ ဖုန်း ဘတ္ထရီ ၅၀ ကျော်နှင့် ငွေကျပ် ၁သောင်း၊ စုစုပေါင်းတန်ဖိုး သိန်း၂၀ ကျော် ဖောက်ထွင်းခံရသည် ဟု အောင်သစ်ဆန်း လျှပ်စစ်ပစ္စည်း ပိုင်ရှင် ဦးစံကျော် ကပြောသည်။

“ မနက် ၉ နာရီ ၀န်းကျင်လောက်က ဆိုင်ဖွင့်ဖို့လာတဲ့အခါ ဆိုင်တံခါးက ဟနေတယ်။ တံခါး တွန်းဖွင့်လိုက်တော့ ဆိုင်ခန်းထဲ မီလင်းနေတယ်။ အထဲမှာ ပစ္စည်းတွေလည်း ရှုပ်ပွနေတယ်။ ဆိုင်ဖောက်ထွင်းခံရတာကို သိပြီဆိုတော့ ရဲစခန်းတိုင်လိုက်တာပါ” ဟု ဦးစံကျော်က ပြောသည်။

ဆိုင်ခန်းအထဲတွင် သံဂေါက်တစ်ချောင်းတွေ့ရပြီး ပိတ်ထားသည့်တံခါးအား ထို သံဂေါက်ဖြင့် တွန်းဖွင့်ထားသည့် ဟုဆိုသည်။

ဆိုင်ထဲမှ ဖုန်းနှင့်သက်ဆိုင်သည့်များကိုသာ ယူသွားပြီး ငွေထည့်ထားသည့် အံဆွဲကိုလည်း ထိုသံဂေါက်ဖြင့် တွန်းဖွင့်ထားသည် ဟု ဆိုသည်။ ဆိုင်အတွင်းရှိ မီခံသေတ္တာအား ဖောက်ထွင်းသူမှ ဖွင့်ရန် ကြိုးစားခဲ့ပုံရသော်လည်း ထိုမီးခံ သေတ္တာမှာ ပွင့်နေခြင်း မရှိဟု ဆက်လက်ပြောသည်။

ထို အမှု့အား စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ အရေးယူဆောင်ရွက်နေသည် ဟုလည်း သိရသည်။

မဘုကေ
Narinjara
https://www.facebook.com/Narinjara
စစ်တွေမြို့လယ်ခေါင်ရှိ လျှပ်စစ်အရောင်းဆိုင် ဖောက်ထွင်းခံရ စစ်တွေမြို့လယ်ခေါင်ရှိ လျှပ်စစ်အရောင်းဆိုင် ဖောက်ထွင်းခံရ Reviewed by THITHTOOLWIN on 09:44 Rating: 5
Powered by Blogger.