ရခိုင်အရေး တာဝန်ရှိသူတွေကို ဆက်လက်ဒဏ်ခတ်ဖို့ စဉ်းစားမည်


ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုး ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြဿနာနဲ့ ပတ်သက်လို့ မြန်မာတာဝန်ရှိသူတွေကို ဆက်လက် ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ စဉ်းစားနေတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ မီးစ် အက်ဒမ်းစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ကို ဒဏ်ခတ်ပိတ်ဆို့ စာရင်းမှာ ထည့်သွင်းကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သောကြာနေ့က အောက်လွှတ်တော် အစည်းဝေးပွဲမှာ ဒီမိုကရက်တစ်ပါတီ ထိပ်သီးအမတ်တစ်ဦးဖြစ်တဲ့ Eliot Engel က ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်လို့ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရက တစ်ဦး တစ်ယောက်တည်းကိုသာ ဒဏ်ခတ်ပိတ်ဆို့တာဟာ အံ့သြစရာကောင်းတယ်လို့ ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အာရှဌာနခွဲ ပြောခွင့်ရှိသူက နိုင်ငံတကာ ဥပဒေတွေအရ ရခိုင်ပြည်နယ်က ရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို စုံစမ်းဖေါ်ထုတ်ပြီး သင့်တော်သလို ဒဏ်ခတ်အရေးယူဖို့ စဉ်းစားသွားမယ်လို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ရခိုင်အရေး တာဝန်ရှိသူတွေကို ဆက်လက်ဒဏ်ခတ်ဖို့ စဉ်းစားမည်  ရခိုင်အရေး တာဝန်ရှိသူတွေကို ဆက်လက်ဒဏ်ခတ်ဖို့ စဉ်းစားမည် Reviewed by THITHTOOLWIN on 09:40 Rating: 5
Powered by Blogger.