မီးအရှိန်ပြင်းပြီး ဆီတိုင်ကီများပေါက်ကွဲနေသဖြင့် စစ်တွေတွင် လောင်နေသောမီး ငြိမ်းသတ်ရန်ခက်ခဲနေ


နိရဉ္စရာ၊ ဒီဇင်ဘာ ၇

ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲတပ်ရင်း ၁၂ ရှေ့ စက်သုံးဆီဆိုင်တန်းတွင် လောင်နေသည့် မီးမှာ အရှိန်ပြင်းပြီး ဆီတိုင်ကီများပေါက်ကွဲနေသဖြင့် မီးသတ်တပ်ဖွဲ့အနေဖြင့် ငြိမ်းသတ်ရန် ခက်ခဲနေကြောင်း မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးစံရွှေထွန်းက ညနေ ၆ နာရီ ၁၅ မိနစ်က နိရဉ္စရာသို့ ပြောသည်။

“ အခု မီးက အရှိန်ပြင်းနေပါတယ်။ ဓာတ်ဆီတိုင်ကီတွေလည်း ပေါက်ကွဲနေတော့ အနားကပ်ပြီး မီးသတ်ဖို့ ခက်ခဲနေပါတယ်။ မီးက အကြီးအကျယ် လောင်နေပါတယ်” ဟု ဦးစံရွှေထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုအခါ မီးရှိန်ပြင်းနေသဖြင့် အခြေအနေကို စောင့်ကြည့်နေရသည်ဟု သူက ပြောသည်။

မီးမှာ ညနေ ၄ နာရီကျော်မှ စတင်လောင်နေပြီး ၆ နာရီကျော် အချိန်ထိ မငြိမ်းသတ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
မီးအရှိန်ပြင်းပြီး ဆီတိုင်ကီများပေါက်ကွဲနေသဖြင့် စစ်တွေတွင် လောင်နေသောမီး ငြိမ်းသတ်ရန်ခက်ခဲနေ မီးအရှိန်ပြင်းပြီး ဆီတိုင်ကီများပေါက်ကွဲနေသဖြင့် စစ်တွေတွင် လောင်နေသောမီး ငြိမ်းသတ်ရန်ခက်ခဲနေ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.