ကြို့ ပင်ကောက်မြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်၊ ကျောင်းဆောင်တစ်ခုမီးလောင်


ကြို့ ပင်ကောက်၊ ဒီဇင်ဘာ ၅ ။

ဒီဇင်ဘာလ ၄ရက် ညနေ ၅း၂၀ ခန့်က ၊ ပဲခူးတိုင်းဒေသကြီး၊ အနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ၊် မြောက်ဘက် ၇ မိုင်အကွာ၊ အလယ်ကုန်း နယ်မြေရဲစခန်းအပိုင်၊ ရုံးချောင်းအုပ်စု၊ သင်္ခရိုင် ပရဟိဘုန်းတော်ကြီးသင် ပညာရေးကျောင်းဝင်းအတွင်းရှိ အလျား ပေ ၁၀၀၊ အနံ ၄၅ ပေရှိ ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၊ နှစ်ထပ်စာသင်ဆောင် တစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ကြို့ပင်ကောက်မြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ယနေ့ ( ဒီဇင်ဘာလ ၅ရက်) တွင်AHN သို့ပြောသည်။

စာသင်ဆောင်ပေါ်ရှိ ၀ပ် ၁၅၀ ဆိုလာပြားဖြင့်အားသွင်းရသော ၀ပ် ၁၅၀ ဘက်ထရီအိုး ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးသတ်ယာဉ် သုံးစင်း၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပတ်ဝန်းကျင်ရှိပြည်သူများက ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅း၃၀ တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ စာသင်ဆောင်နှင့်စာရေးခုံ ၂၅ ခုံမီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးမှာကျပ် သိန်း ၃၀ ကျော်ရှိကြောင်း၊ မီးပေါ့ဆသူ အသက် ၃၅ နှစ် အရွယ် အမျိုးသား ကျောင်းဆရာကို ဖမ်းဆီးပြီး၊ အလယ်ကုန်း နယ်မြေရဲစခန်းက ပ/၃၄၈/၁၇၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း၊ အဆိုပါကျောင်းဆရာမှာ လွန်ခဲ့သည့် တစ်လခန့်ကစ၍ မီးလောင်သည့်ကျောင်းဆောင်တွင် ကျောင်းဆရာအဖြစ်ဝင်ရောက် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း အထက်ပါရဲဝန်ထမ်းကပြောသည်။

လူထိခိုက်မှုမရှိကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။

ကိုဖိုးစံ( သာယာဝတီ)
PHOTO - KPS
The Asia Heart News
ကြို့ ပင်ကောက်မြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်၊ ကျောင်းဆောင်တစ်ခုမီးလောင် ကြို့ ပင်ကောက်မြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်၊ ကျောင်းဆောင်တစ်ခုမီးလောင် Reviewed by THITHTOOLWIN on 11:53 Rating: 5
Powered by Blogger.