အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ မုန်တိုင်းကြောင့် လူ ၁၆ ဦး သေဆုံးပြီး၊ လူ ၁၀၀ ၀န်းကျင် ပျောက်ဆုံးနေ


အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ အနည်းဆုံး ၁၆ ဦးသေဆုံးပြီး၊ လူ ၁၀၀ ၀န်းကျင် ပျောက်ဆုံးနေပါတယ်။

မုန်တိုင်းကြောင့် သစ်ပင်တွေပြိုလဲပြီး သန်းနဲ့ချီတဲ့ပြည်သူတွေ လျှပ်စစ်ဓါတ်အားပြတ်တောက်တဲ့ဒဏ်ကိုပါ ခံစားနေရပါတယ်။

ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့ ငါးဖမ်းသင်္ဘောတွေကိုလည်း အိန္ဒိယရေတပ်က ရှာဖွေနေပါတယ်။

သီရိလင်္ကာမှာ နိုဝင်ဘာ ၂၉ ရက်နေ့က မုန်တိုင်းဝင်ရောက်ပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၇ ဦး သေဆုံးပြီး တံငါသည် ၅ ဦး ပျောက်ဆုံးနေပါတယ်။

လူ ၂ သောင်းကျော် မုန်တိုင်းဒဏ်သင့်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ဆိုပါတယ်။

မုန်တိုင်းသင့်ဒေသတွေမှာ ကျောင်းတွေပိတ်ထားဖို့ အစိုးရက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းကလည်း ရေကြီးပြီး မြေပြိုမှုတွေဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၂၂ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Photo: accuweather.com
RFA Burmese
https://www.facebook.com/rfaburmese/
အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ မုန်တိုင်းကြောင့် လူ ၁၆ ဦး သေဆုံးပြီး၊ လူ ၁၀၀ ၀န်းကျင် ပျောက်ဆုံးနေ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ မုန်တိုင်းကြောင့် လူ ၁၆ ဦး သေဆုံးပြီး၊ လူ ၁၀၀ ၀န်းကျင် ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 23:25 Rating: 5
Powered by Blogger.