ဆေးဝါးအတုအများဆုံးသည် ရန်ကုန်တိုင်းမှ ဖမ်းမိခြင်းဖြစ်


ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးဝါးအတုများကို အများဆုံးဖမ်းမိခြင်းဖြစ်ကြောင်း မြန်မာ့ဆေးဝါး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။
''ယခုဖမ်းမိထားတဲ့ဆေးဝါး အတုအများစုဟာ ရန်ကုန်တိုင်း ဒေသကြီးက ဖမ်းမိထားတယ်။ အဓိက ရန်ကုန်နဲ့မန္တလေး၊ လေ့လာ မိသလောက် ရန်ကုန်တိုင်းဒေသ ကြီးမှာ BPI ဆေးဝါးအတုတွေ လုပ်တာများတယ်''ဟု ဦးကိုကို အောင်က ပြောသည်။

မန္တလေး၌ ဖမ်းဆီးရမိသည့် ဆေးဝါးအများစုမှာ ရှမ်းပြည်နယ် မှတစ်ဆင့် ဖြတ်သန်းလာကြောင်း သိရသည်။

ယခင်က ဆေးဝါးများအား ဖမ်းဆီးခဲ့ခြင်းမရှိဘဲ ၂ဝ၁၆ ခုနှစ် တွင်ဖမ်းဆီးချိန်၌ ဆေးဝါးအတု များကို တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ယခုဖမ်းဆီးရမိသည့် ဆေးဝါး အတုများမှာ လပေါင်းများစွာ၊ ရက်ပေါင်းများစွာ ဖမ်းဆီးခြင်း မဟုတ်ဘဲ ရသည့်အခြေအနေပေါ် မူတည်၍ ရန်ကုန်နှင့်မန္တလေးတွင် အဓိကဖမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။

''မဖမ်းနိုင်ဘဲ လွတ်ကင်းနေ ပြီး ထိန်းသိမ်းထားတာမျိုးလည်း ရှိရင်ရှိခဲ့မှာပါ။ ဒါ့အပြင် အရေးယူ လိုက်တယ်ဆိုတဲ့ အနေအထားမှာ တော့ မရောင်းရဲတော့ဘူး။ သေချာ တာတစ်ခုကတော့ အရင်ကမဖမ်း နိုင်ခဲ့တာကို ဖမ်းလိုက်ခြင်းအားဖြင့် တော့ ရာခိုင်နှုန်းပြည့်မဟုတ်ရင် တောင် ရာနှုန်းပြည့်နီးပါးလောက် တော့ လူတွေအတွက် အန္တရာယ် ကင်းသွားတာပေါ့''ဟု ဦးကိုကို အောင်က ပြောသည်။

ထိုသို့ဖမ်းဆီးရမိသည့် ဆေး ဝါးအတုများကို စိတ်ချစေရန် ဖျက်ဆီးရကြောင်း၊ အချို့သောက် ဆေးများက သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အနေအထားမျိုး ရှိသည့်အတွက် မြေမြှုပ်ဖျက်ဆီး ရကြောင်း၊ ရွှေပြည်သာမြို့နယ် (လှော်ကား)၌ရှိသည့် စည်ပင် သာယာနှင့် ဂျပန် ပူးပေါင်းလုပ်နေ သော အမှိုက်မှ စွမ်းအင်ထုတ်လုပ် သည့် စက်ရုံတွင် ဖျက်ဆီးခြင်းများ ပြုလုပ်ရကြောင်း သိရသည်။

ဆေးဝါးစက်ရုံမှ ထုတ်လုပ်နိုင် သည်မှာ စက်စွမ်းအားအတိုင်း အတာအရ BPI ဆေးဝါးသည် လို အပ်ချက်၏ ၁ဝ ရာခိုင်နှုန်းခန့်သာ ရှိသည့်အတွက် ဆေးဝါးအတုများ မှာဈေးကွက်ရှိနေပြီး ရောင်း ကောင်းနေကြောင်း၊အချို့ကတခြား နိုင်ငံကိုပေးပို့ထုတ်လုပ်ခိုင်းကြောင်း၊ အခြားနိုင်ငံကလည်း သူတို့နိုင်ငံ တွင် FDA ရှိသည့်အတွက်WHO ၏အစစ်ဆေးခံရမှုမျိုးရှိကြောင်း၊ ထို့ကြောင့် ဆေးဝါးစက်ရုံအကြီး စားမဟုတ်သော်လည်း ကိုယ့်နည်း ကိုယ့်ဟန်နှင့် တည်ဆောက်ထား သည့်စက်ရုံများရှိကြောင်း ဦးကိုကို အောင်က ပြောသည်။

ရန်ကုန်မြို့ရှိ ဆေးဝါးစက်ရုံ တွင် ဖမ်းဆီးရမိထားသော ဆေး ဝါးအတုများကို ယမန်နေ့ နံနက်က ဖျက်ဆီးခြင်းအခမ်းအနားတွင် မီဒီယာများကို ဦးကိုကိုအောင်က ရှင်းလင်းပြောကြားခဲ့သည်။

ရန်နိုင်
The Union Daily
https://www.facebook.com/uniondaily.net/
ဆေးဝါးအတုအများဆုံးသည် ရန်ကုန်တိုင်းမှ ဖမ်းမိခြင်းဖြစ် ဆေးဝါးအတုအများဆုံးသည် ရန်ကုန်တိုင်းမှ ဖမ်းမိခြင်းဖြစ် Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.