ကျောက်မဲတွင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ကျွဲကုန်းကျေးရွာ ကျေးလက်ပြည်သူ့ ကျန်းမာရေးဌာနခွဲ ဆေးခန်းရဲ့ နောက်ဖေးမီးဖိုချောင် ခန်းအတွင်း ဒီဇင်ဘာ(၁၁)ရက် မနက် (၈)နာရီ ကျော် အချိန်က အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်မဲမြို့ မြို့မရဲစခန်းကသိရပါတယ်။

 ကြိုးဆွဲချသေဆုံးသူမှာ အသက်(၁၅)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးဖြစ်ပြီး အမြင့်(၆)ပေရှိ သစ်သားထုတ်တန်း မှာ အရှည် (၂)ပေကျော်ရှိ ပလတ်စတစ် ဖြူ/နီ ကျားကျစ်ကြိုး ကို အသုံးပြုပြီး လည်းပင်းနဲ့ထုတ်တန်းတို့ကို ချည်နှောင် ဆွဲချသေဆုံး ခဲ့တာဖြစ်ပါတယ်။


 သေဆုံးမှုကိုသေဆုံးသူနဲ့ အတူနေထိုင်သူ သားဖွားဆရာမ မှ အိပ်ယာနိုးနိုးချင်းမြင်တွေ့ခဲ့တာ ဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ အမျိုးသမီးငယ်ဟာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ဖို့ ဆောင်ရွက်နေပြီး ရဲစခန်းသေမှုသေခင်း အမှတ်စဉ်ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ ဒီသတင်းကို ကျောက်မဲ(Sky Net) ကပေးပို့ထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ကျောက်မဲတွင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား ကျောက်မဲတွင် အမျိုးသမီးငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား Reviewed by THITHTOOLWIN on 17:06 Rating: 5
Powered by Blogger.