တောင်ကြီးမြို့ပေါ်မှ ဆိုင်ကယ်ပျောက် အခိုးခံရသူများ ညောင်ရွှေ ရဲစခန်းတွင် မိမိဆိုင်ကယ်ဟုတ်မဟုတ် စစ်ဆေးထုတ်ယူနိုင်


ဆိုင်ကယ်များခိုးယူသူအဖွဲ့ညောင်ရွှေမြို့မ ရဲစခန်းက ဖမ်းဆီးရမိပြီ ဖြစ်ပြီး ဆိုင်ကယ်ပျောက်ဆုံးသူပိုင်ရှင်များအနေဖြင့် ownerဘုတ် ဝှီးတက်များယူဆောင်ကာ ညောင်ရွှေမြို့မ ရဲစခန်းသို့ လာရောက် တိုက်ဆိုင်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် သိရှိရ သည်။

ဆိုင်ကယ်သူခိုးများသည် ညောင်ရွှေ မြို့၊ ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာမြို့နယ်နှင့် သာစည် မြို့နယ်က ဖြစ်ပြီး၊ ခိုးယူထားသော ဆိုင်ကယ် စုစုပေါင်း ၃၅စီးကို ညောင်ရွှေရဲစခန်းတွင် ဖမ်းဆီးရမိထား ပြီဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့တစ်ပတ်က ကျွန်တော်တို့ညောင်ရွှေမြို့အဝင်မှာ လုံ ခြုံရေးနဲ့ပါတ်သက်ပြီးစစ်လိုက်တဲ့အချိန်မှာ တောင်ကြီးကနေ မှခိုးလာတဲ့ တစ်စီးကိုမိတယ်၊ အဲဒါကနေမှ ဖော်ထုတ်ရင်းနဲ့မိသွား တယ်၊ အဲဒီအဖွဲ့ကမိတ္ထီလာမှာရှိတယ်၊ ညောင်ရွှေက လဲတစ်ယောက် ပါတယ်၊ ဖော်ထုတ် စစ်ဆေးတော့ အများဆုံးကတောင်ကြီးကဘီး တွေဖြစ်နေတယ်၊ မိတ္ထီလာမှာ ရှမ်းပြည်ကဘီးတွေကိုလည်း အများဆုံးဖမ်းမိတယ်” ဟု ညောင်ရွှေမြို့ပြည်သူ့ဆက်ဆံရေး နှင့် ပြန်ကြားရေးဦးစီးမှူး ကိုနေမျိုးသူရိန်က ပြောသည်။

တောင်ကြီးမြို့တွင်စဝ်စံထွန်း ဆေးရုံ၊ မိခင်နှင့်ကလေးဆေးရုံတို့တွင် အများဆုံးခိုးယူခံရကြောင်းသိရသည်။
“ညောင်ရွှေမှာဖမ်းမိတဲ့ဘီးတွေက တောင်ကြီးကဘီးတွေဖြစ်ပြီး ဒီညောင်ရွှေက ခိုးတဲ့ဆိုင်ကယ်တွေ ကျတော့ မိတ္ထီလာတွေ သယ်တယ်၊ မြို့တွေကို လဲလိုက်တယ်၊သူတို့က အုပ်စုလိုက်ရှိတယ်၊ ဒီညောင်ရွှေမှာ ပြန်ဖမ်းမိတဲ့ဆိုင်ကယ်တွေကို လာ ထုတ်တဲ့လူတွေလဲ ရှိနေပြီ” ဟု ကို နေမျိုးသူရိန်က ဆက်ပြောသည်။

ဆိုင်ကယ်များကို ညောင်ရွှေမြို့မ ရဲစခန်းက နိုဝင်ဘာလ ၂၀ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နန်းဆုဗွေ
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor/
တောင်ကြီးမြို့ပေါ်မှ ဆိုင်ကယ်ပျောက် အခိုးခံရသူများ ညောင်ရွှေ ရဲစခန်းတွင် မိမိဆိုင်ကယ်ဟုတ်မဟုတ် စစ်ဆေးထုတ်ယူနိုင် တောင်ကြီးမြို့ပေါ်မှ ဆိုင်ကယ်ပျောက် အခိုးခံရသူများ ညောင်ရွှေ ရဲစခန်းတွင် မိမိဆိုင်ကယ်ဟုတ်မဟုတ် စစ်ဆေးထုတ်ယူနိုင် Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.