ကွတ်ခိုင်မြို့နယ်၌ လူသတ်မှုဖြစ်ပွား


ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာ နှစ်ခြင်းသင်္ချိုင်းအနီး၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့် တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သတင်းအရ ကွတ်ခိုင်မြို့မရဲစခန်းမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ အမည်(စိစစ်ဆဲ) တရုတ်လူမျိုးဟု ယူဆရသော အမျိုးသားတွင် ယာနားနောက်၊ မေးရိုးအောက်၊ ဝဲ လက်ဖျံကျည် ဖောက်ဝင် ဒဏ်ရာ ၃ ချက်၊ ဝဲပါးပွန်း၊ နားပြတ်၊ နားထင်ပေါက်ပြဲ၊ ယာလက်မကျိုး ဒဏ်ရာ များဖြင့် လွန်ခဲ့သော ၃ ရက်ခန့်က သေဆုံးနေခြင်းဖြစ်သည်။

 အလောင်းအနီးတွင် Luger ကျည်ခွံ ၂ ခုတို့အား တွေ့ရှိ၍ ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပါကြောင်း၊ ၁၈၃၅ အချိန်တွင် တရားခံ (စိစစ်ဆဲ)အား ကွတ်ခိုင်မြို့မရဲစခန်း(ပ)၁၀၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။

သစ်ထူးလွင်

ကွတ်ခိုင်မြို့နယ်၌ လူသတ်မှုဖြစ်ပွား ကွတ်ခိုင်မြို့နယ်၌ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:57 Rating: 5
Powered by Blogger.