တားမြစ်နယ်မြေတွင် ရွှေခိုးတူးရာမှ အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး ဒဏ်ရာရရှိ

ပျဉ်းမနားမြို့နယ်၌ တားမြစ်မိန့်ထုတ်ပြန်ထားသော နယ်မြေအတွင်း ရွှေခိုးတူးရာမှ အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး ဒဏ်ရာရရှိမှု
၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ၁၄၅၀ အချိန်တွင် ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာ ဆင်ဖြူတောင် တောင်ဘက် အုန်းတော ဘုန်းကြီးကျောင်း အနီး (မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တားမြစ်မိန့်ထုတ်ပြန်ထား သည့်နေရာ)၌ ဒေါ်မမလေး(၅၇) နှစ် ပါ ၄ ဦး(ကျား ၃၊ မ ၁)တို့သည် ရွှေခိုးတူးရာမှ မြေပြိုကျ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရပါသည်။

 ဒေါ်မမလေးတွင် ပေါင်၊ ပုခုံး၊ ခြေသလုံး ဖူးရောင် ဒဏ်ရာဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးသွားပြီး ဦးမောင်မောင် (၄၀)နှစ်ပါ ကျား ၃ ဦးတွင် ဦးခေါင်း/ ရင်ဘတ်၊ လက်မောင်း ပေါက်ပြဲ ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့သဖြင့် ပျဉ်းမနား၊ ကုတင်(၂၀၀) ပြည်သူ့ ဆေးရုံ သို့ ပို့အပ်ခဲ့ပါသည်။

 ၂၁၁၀ အချိန်တွင် ဒေါ်မမလေး သေဆုံးမှုအား ပျဉ်းမနားမြို့မရဲစခန်း သေမှုသခင်းအမှတ်စဉ် ၃၄/၂၀၁၇ ရေးဖွင့်စစ်ဆေး လျက်ရှိကြောင်းသိရသည်။

 ဒဏ်ရာရရှိသူ ဦးမောင်မောင်ပါ ၃ ဦးအား ရာဇသတ်ကြီး ပုဒ်မ ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်သော အမိန့်ကိုဖီဆန်မှု)ဖြင့် မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ရန် စီစဉ်ထား ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
တားမြစ်နယ်မြေတွင် ရွှေခိုးတူးရာမှ အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး ဒဏ်ရာရရှိ တားမြစ်နယ်မြေတွင် ရွှေခိုးတူးရာမှ အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၃ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.