ဂျပန်ရဲတွေက မြောက်ကိုရီးယားနိုင်ငံသားတွေပါလာတဲ့ သံယသဖြစ်စရာလှေတစ်စင်းကို ဖမ်းမိ


တိုကျို ၉ ဒီဇင်ဘာ

လူသူအရောက်ပေါက်နည်းတဲ့ကျွန်းပေါ်က တဲတစ်တဲက မီးစက်တစ်လုံးခိုးယူမှုအတွက် လှေတစ်စီးပေါ်ပါလာတဲ့ မြောက်ကိုရီးယားသုံးဦးကို ဂျပန်ရဲတွေက ယနေ့ ဖမ်းဆီးခဲ့တယ်လို့ အန်အိပ်ခ်ျကေ သတင်းဌာနက ဖော်ပြထားပါတယ်။ ဂျပန်ကိုရောက်ရှိလာတဲ့ မြောက်ကိုရီးယားငါးဖမ်းလှေတွေအနက် ယခုဖမ်းဆီးရမိတာက နောက်ဆုံး အဖြစ်အပျက်ဖြစ်ပါတယ်။

လှေပေါ်မှာ အတိဒုက္ခရောက်နေသူ၊ စွန့်ပစ်ခံထားရသူတွေပါရှိပြီး အချို့က သေဆုံးပြီးအနေအထားတွေနဲ့ ဖမ်းမိတာတွေလည်း ရှိနေပါတယ်။ ဂျပန်ပြည်သူတွေဟာ မြောက်ကိုရီးယားရဲ့ နူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ်အတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေကြချိန်လည်း ဖြစ်တာကြောင့် အခုလိုဖမ်းမိတာတွေအပြင် မမိလိုက်တဲ့သူလျှိုတွေ စိမ့်ဝင်ရောက်ရှိနေမှာကို စိုးရိမ်ကြောက်လန့်နေကြပါတယ်။

သစ်သားလှေတွေမှာ တံငါသည်အယောင်ဆောင်ထားတဲ့ စစ်သားတွေပါဝင်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားထားပြီး မြောက်ကိုရီးယားဘက်က ထွက်ပြေးလာတဲ့သူတွေလို့ ထင်ကြေးပေးမသွားပါဘူး။

ပြီးခဲ့တဲ့လအတွင်းက ဟိုခိုင်ဒိုကျွန်း မှာ ဆိုက်ကပ်ထားတဲ့ လှေတစ်စင်း ဖမ်းမိခဲ့ရာမှာ လှေဝမ်းထဲမှာ ၁၀ ဦး တွေ့ရပြီး တဲအတွင်းမှ လျှပ်စစ်ပစ္စည်းများယူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းတို့အနက် သုံးဦးကို ခိုးမှုနဲ့ အရေးယူထားပြီး ကျန်အားလုံးကို လူဝင်မှုကြီးကြပ်ရေး လက်ထဲကို လွဲပေးခဲ့ပါတယ်။

နိုဝင်ဘာလအတွင်း ဂျပန်ကမ်းခြေကို မျောပါလာတဲ့ လှေ စုစုပေါင်း ၂၈ စင်းထိရှိခဲ့ကြောင်း၊ မနှစ်ကထက်စာလျှင် ၄ စင်း ပိုလာကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားထားပါတယ်။

ဘာသာပြန် -မိုးမမ (MDN)
ကိုးကား -ရိုက်တာ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဂျပန်ရဲတွေက မြောက်ကိုရီးယားနိုင်ငံသားတွေပါလာတဲ့ သံယသဖြစ်စရာလှေတစ်စင်းကို ဖမ်းမိ ဂျပန်ရဲတွေက မြောက်ကိုရီးယားနိုင်ငံသားတွေပါလာတဲ့ သံယသဖြစ်စရာလှေတစ်စင်းကို ဖမ်းမိ Reviewed by THITHTOOLWIN on 15:40 Rating: 5
Powered by Blogger.