ခရစ်စမတ်နေ့ လုံခြုံရေးသတိထား


ကမ္ဘာတ၀ှမ်းရှိ ခရစ်ယာန် ဘာသာဝင်များ ခရစ္စမတ်ပွဲတော်ကို ဆင်နွဲဖို့ပြင်ဆင်နေကြသလို IS အဖွဲ့က ပါကိစ္စတန်နိုင်ငံမှာ မက်သရစ် ခရစ်ယာန်ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာကြောင့် ဘုရားရှိခိုးကျောင်းတွေရဲ့ လုံခြုံရေးများကို အထူးချထား ဆောင်ရွက်လျှက်ရှိပါတယ်။

ဒါ့အပြင် မွတ်စလင် လူများစုနိုင်ငံများရှိနေတဲ့ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ ဂျေရူစလင်မြို့ကို အစ္စရေးက မြို့တော်သတ်မှတ်တဲ့ကိစ္စနဲ့ အမေရိကန်က ထောက်ခံတဲ့အပေါ်မှာ မကျေမလည် ဖြစ်နေကြပါတယ်။ ဒီအတွက် သက်ဆိုင်ရာနိုင်ငံတွေက ဘုရားရှိခိုးကျောင်းတွေကို လုံခြုံရေး အစောင့်အကြပ်များ ပိုချထားပါတယ်။

မနှစ်က အတိုက်ခိုက်ခံခဲ့ရတဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က အကြီးဆုံး ခရစ်ယာန်ကျောင်းကို သွားတဲ့လမ်းမှာ လုံခြုံရေးတွေ စောင့်ကြပ်လျှက်ရှိပြီး ရှာဖွေတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ကိုင်ရိုမြို့ အရှေ့မြောက်ဘက်ရှိ ဘုရားရှိခိုးကျောင်း အ၀င်တံခါးမှာလည်း ရှာဖွေရေးလုပ်ဖို့ အာဏာပိုင်တွေက စက်များတပ်ဆင်ထားပါတယ်။

အလားတူ ဂျာမဏီနိုင်ငံမှာလည်း လုံခြုံရေးအမြင့်ဆုံးအဆင့် တပ်လှန့်ထားပြီး သောကြာနေ့က ဘွန်းမြို့က ခရစ်စမတ်ဈေးအတွင်း စက်ရုပ်တွေနဲ့ ဗုံးရှာဖွေနေပါတယ်။

Photo : AP
RFA Burmese
https://www.facebook.com/rfaburmese/
ခရစ်စမတ်နေ့ လုံခြုံရေးသတိထား ခရစ်စမတ်နေ့ လုံခြုံရေးသတိထား Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.