ထိုင်းတွင် နယ်စပ်အနီး ပစ်ခတ်မှုဖြစ်ပွားရာ ငါးဦးသေဆုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကိုးသိန်း ဖမ်းမိ


ချင်းရိုင် - ဒီဇင်ဘာ ၁ဝ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့နယ် မယ့်ဖားလွမ် ကျလောကျေးရွာအနီး၌ ဒီဇင်ဘာ ၁ဝ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ထိုင်းနယ်ခြားစောင့်တပ်နှင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်သည့် လက်နက်ကိုင် အဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားရာ ငါးဦး သေဆုံးပြီး ဆေးပြား တစ်သန်းကိုးသိန်း ဖမ်းဆီးရမိကြောင်း သိရသည်။

နှစ်ကုန်ပိုင်း၊ ခရစ္စမတ်ကာလအတွင်း ထိုင်းနိုင်ငံ အတွင်းသို့ စိတ်ကြွရူးသွပ်ဆေးပြားများ အလုံးအရင်းနှင့် သယ်ဆောင်လာမည့် သတင်းကို ထိုင်းနယ်ခြားစောင့် တပ်က ကြိုတင်သတင်းရထားကြောင်း၊ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့နယ် မယ့်ဖားလွမ်ကျလော ကျေးရွာအနီး၌ ထိုင်းနယ်ခြားစောင့်တပ်များက အထူး တပ်ဖွဲ့ဝင်များဖြင့် ဒီဇင်ဘာ ၇ ရက်မှ ၁ဝ ရက်အထိ နေ့ည မပြတ်သုံးရက်ကြာ စောင့်ကြည့်ခဲ့ကြောင်း၊ ညပိုင်းတွင် အမှောင်ထုအတွင်း လှုပ်ရှားမှုများအား ညကြည့်ကင်မရာ များ တပ်ဆင်၍ စောင့်ကြည့်နေခဲ့ရာ ဒီဇင်ဘာ ၁ဝ ရက် နံနက် ၅ နာရီခွဲတွင် အင်အား ၂ဝ ကျော်ရှိသည့် လက်နက်ကိုင်အုပ်စုများကို ထိုင်းနယ်စပ်အတွင်း ကျလော ကျေးရွာ၌ ထိုင်းနယ်ခြားစောင့်တပ်က ရပ်တန့်ခိုင်းခဲ့ရာ မှ မူးယစ်ဆေးဝါးသယ်ဆောင်သူများနှင့် ထိုင်းနယ်ခြား စောင့်တပ်တို့ ၁၅ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသည်။

ထိုင်းနိုင်ငံတာဝန်ရှိသူများက ပစ်ခတ်မှုဖြစ်ပွားခဲ့ သော ကျလောကျေးရွာအနီးသို့ သွားရောက်စစ်ဆေးခဲ့ ရာ လက်နက်ကိုင်အင်အားစုများသည် ထွက်ပြေးသွားခဲ့ ကြောင်း၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ အလောင်း ငါး လောင်းအပြင် အထုပ်၁၉ ထုပ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား တစ်သန်းကိုးသိန်းကို တွေ့ရှိခဲ့ကြောင်း ထိုင်း သတင်းတစ်ရပ်အရ သိရသည်။

 မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ထိုင်းတွင် နယ်စပ်အနီး ပစ်ခတ်မှုဖြစ်ပွားရာ ငါးဦးသေဆုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကိုးသိန်း ဖမ်းမိ ထိုင်းတွင် နယ်စပ်အနီး ပစ်ခတ်မှုဖြစ်ပွားရာ ငါးဦးသေဆုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကိုးသိန်း ဖမ်းမိ Reviewed by THITHTOOLWIN on 09:29 Rating: 5
Powered by Blogger.