သမ္မတထရမ့်က နိုင်ငံတော်လုံခြုံရေး နည်းဗျူဟာသစ်တွေ ချပြ

 အမေရိကန်နိုင်ငံရဲ့ အကျိုးကိုပဲ အမြဲ ရှေ့တန်းတင်သွားမယ်လို့ သမ္မတ ထရမ့်ပြော
အမေရိကန် သမ္မတ ထရမ့်က သူ့ရဲ့ နိုင်ငံတော် လုံခြုံရေး နည်းဗျူဟာသစ်ကို ချပြခဲ့ရာမှာ အမေရိကန်အနေနဲ့ ပြိုင်ဆိုင်မှု ကာလသစ်တခုကို ရင်ဆိုင်နေရပြီလို့ ပြောကြားလိုက်ပါတယ်။

အခုအခါ ကြီးမားတဲ့ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ယှဉ်ပြိုင်မှုတွေ ကမ္ဘာတဝန်း အကြီးအကျယ် လုပ်လာနေကြပြီ ဖြစ်ပြီး တရုတ်နဲ့ ရုရှားလို ပြိုင်ဘက် အင်အားကြီးနိုင်ငံတွေက အမေရိကန်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို စိန်ခေါ်ဖို့ ကြိုးစားမှုတွေ ရှိလာနေပြီလို့ သမ္မတ ထရမ့်က ပြောသွားပါတယ်။

အမေရိကန်နိုင်ငံဟာ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံတနိုင်ငံကနေ တနိုင်ငံကို ဖြတ်ကျော် ဖွဲ့ထားတဲ့ ရာဇဝတ်ဂိုဏ်း ကွန်ရက်တွေ၊ အကြမ်းဖက်မှုနဲ့ မကောင်းမှုတွေ ဖြန့်ဝေနေတဲ့ တခြား အဖွဲ့အစည်းတွေကို ရင်ဆိုင် နေရတယ်လို့ သူက ပြောပါတယ်။

သူ့နည်းဗျူဟာထဲမှာ မက္ကဆီကို နယ်စပ်တလျှောက် တံတိုင်း ကာဖို့ ကိစ္စ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေကို တင်းကြပ်ဖို့နဲ့ ဗီဇာ ကံစမ်းမဲ အစီအစဉ်ကို ဖျက်သိမ်းဖို့တွေ ပါဝင်ပါတယ်။

ဒါ့အပြင် သမ္မတ ထရမ့်က အရင် သမ္မတဟောင်းတွေကို ဝေဖန် တိုက်ခိုက် ပြောဆိုလိုက်ပြီး သူတို့တွေဟာ ပြည်ပမှာ နိုင်ငံထူထောင်ဖို့သာ လုပ်နေကြပြီး ကိုယ့်ပြည်တွင်းမှာ ကိုယ့်နိုင်ငံ တိုးတက်အောင် ထူထောင်ဖို့ကိုတော့ ပျက်ကွက်ခဲ့ကြတယ်လို့ ပြောသွားပါတယ်။

BBC Burmese
http://www.bbc.com/burmese
သမ္မတထရမ့်က နိုင်ငံတော်လုံခြုံရေး နည်းဗျူဟာသစ်တွေ ချပြ သမ္မတထရမ့်က နိုင်ငံတော်လုံခြုံရေး နည်းဗျူဟာသစ်တွေ ချပြ Reviewed by THITHTOOLWIN on 08:22 Rating: 5
Powered by Blogger.