ဖားကန့် မြို့ နယ် ပုဂ္ဂလိက မော်တော်ယာဉ်ကြီးကြပ်ရေး ဥက္ကဌ သေနတ်နှင့် ပစ်သတ်ခံရ
(သတင်း-ဓါတ်ပုံ Zaw Moe Htet)
ဖားကန့် ဒီဇင်ဘာ ၁၉
ကချင်ပြည်နယ် ဖားကန့် မြို့ မရှီကထောင်ရပ်ကွက် ဘေလီတံတားထိပ်တွင်ရှိသော ရတနာ ဖားကန့် ကားဂိတ်ပိုင်ရှင်ဦးခင်စိုးသည် ဒီဇင်ဘာလ၁၉ရက်နေ့၊ နေ့လည်၁၂:၀၀နာရီခန့်က ၄င်းပိုင်မော်တော်ယာဉ်ဂိတ်တွင် ထိုင်နေစဉ် အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ထံမှ ကနဦးသတင်းအရ သိရသည်။
``သူ့ဂိတ်ထဲမှာ ကားလက်မှတ်လာဖြတ်သလိုနဲ့၊125ဆိုင်ကယ်၂စီးနဲ့ လူလေးယောက် ရောက်လာပြီး ဝင်သွားတယ်၊သူတို့ထဲက လူတစ်ယောက်ရဲ့ကျောပိုးအိတ်ထဲမှ သေနတ်ထုတ်၍ပစ်ပြီး ဆိုင်ကယ် မောင်းပြီး ပြေးသွားတယ် ပစ်တာက၄ချက်ပါ ၃ချက်မှန်တယ် ၁ချက်ကမမှန်ဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ကျွန်တော် တို့ကို ပြောပြထားပါတယ် ´´ဟု ဖားကန့်မြို့နယ်၏ NLD အလုပ်အမှုဆောင် ဦးသောင်းစံကပြောသည်။
အဆိုပါ သေဆုံးသူ၏ ဦးခေါင်းနောက်စေ့တွင် သေနတ်ဒဏ်ရာ၁ချက် နောက်ကျောတွင် သေနတ်ဒဏ် ရာ၂ချက်ဖြင့် စုစုပေါင်း၃ချက်ထိ၍ ဖားကန့်ဆေးရုံသို့ သယ်ဆောင်သွားစဉ် သေဆုံးခဲ့ကြောင်းဦးသောင်းစံကပြောသည်။
ယခင်နှစ်များကလည်း ဦးထွန်းလွင် ၊ဦးကံဆက်၊ဒေါ်နန္ဒာလှိုင်၊ကျောင်းဆရာဦးအောင်ဇင်ထွန်းတို့ကို အမည်မသိ လူများမှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့၍ သေဆုံးမှု ဖြစ်ပွားခဲ့သော်လည်း တရားခံများကိုဖမ်းဆီး နိုင်ခြင်း မရှိသေးကြောင်းသိရသည်။
မီးမီး / EPN
ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
https://www.facebook.com/epngnews/
Powered by Blogger.