ဘင်္ဂလားဒေ့ရှ် ငွေ တာကာ ၅၀၀ တန် ၉၀ ရွက်အား တရားမဝင် ကိုင်ဆောင်သူ မွတ်စလင်၂ ဦး တွေ့ရှိအရေးယူ


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၉ နာရီ တွင် ပဒင်းကျေးရွာဖက်မှ မောင်တောသို့ မောင်းနှင်လာသော မော်တော်ယာဉ်များ ကို စစ်ဆေးရာ မောင်တောမြို့နယ်(၂) ရပ်ကွက်နေ ယာဉ်မောင်း မော်ဂျူအူလ္လာ(၂၆) နှစ် မောင်းနှင်ပြီး ပဒင်းကညင်တန်းကျေးရွာနေ ရှော်ဖီအာမောက်(၃၉)နှစ် တို့ လိုက်ပါလာသော 4L/6590 ပရိုဘောက်ယဉ်အား စစ်ဆေးရာ ယာဉ်၏ ဒက်ရှ်ဘုတ်ပေါ်မှ ဘင်္ဂလားဒေ့ရှ် ငွေ တာကာ ၅၀၀ တန် ၉၀ ရွက်အား တွေ့ရှိခဲ့၍ စစ်ဆေးရာ ရှော်ဖီအာမောက်၏ ငွေများ ဖြစ်ပြီး၊ တရားမဝင်ကိုင်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ရှော်ဖီအာမောက်နှင့် မော်ဂျူအူလ္လာတို့ နှစ်ဦးအား မန်ကျည်းချောင်းနယ်မြေစခန်း၌ အမှုဖွင့် အရေးယူရန် စီစဉ်လျက်ရှိသည်။

Information Committee
https://www.facebook.com/InfomationCommittee
ဘင်္ဂလားဒေ့ရှ် ငွေ တာကာ ၅၀၀ တန် ၉၀ ရွက်အား တရားမဝင် ကိုင်ဆောင်သူ မွတ်စလင်၂ ဦး တွေ့ရှိအရေးယူ  ဘင်္ဂလားဒေ့ရှ် ငွေ တာကာ ၅၀၀ တန် ၉၀ ရွက်အား တရားမဝင် ကိုင်ဆောင်သူ မွတ်စလင်၂ ဦး တွေ့ရှိအရေးယူ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.