မြောက်ဦးမြို့အဝင် ကားလမ်းရှိ သံတံတားတစ်စင်းတွင် မိုင်းတွေ့ရှိ


ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အဝင် စစ်တွေ-ရန်ကုန် ကားလမ်းရှိ သံတံတားတစ်စင်းမှာ ဒီဇင်ဘာ(၇)ရက် နေ့လယ်(၁၁)နာရီခန့်က မိုင်းတွေ့ရှိတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ လမ်းကြောင်းဆောင်ရွက်နေစဉ် စစ်တွေ-ရန်ကုန် ကားလမ်း မိုင်တိုင်အမှတ်(၁၁၃)မိုင်နဲ့ (၁၁၃)မိုင်(၁)ဖာလုံအကြားရှိ သံတံတားအမှတ်(၇/၁၁၂)မှာ တံတားသံပေါင်ရဲ့အောက်တစ်ဖက် တစ်ချက်မှာဝါယာကြိုးနှစ်ပင်လိမ်နဲ့ ဘက်ထရီအိုးကို သွယ်တန်းထားတဲ့ မသင်္ကာဖွယ်ရာမိုင်းလို့ ယူဆရတဲ့ပစ္စည်း(၂)ခုကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ဆက်လက်ပြီး အခင်းဖြစ်ပွားတဲ့နေရာကို မြောက်ဦးခရိုင်ရဲမှူး၊ မြောက်ဦးမြို့နယ်ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ခမရ(၅၄၀)က ဗိုလ်ကြီးသက်အောင်ဦးစီးတဲ့ တပ်မတော်သားတွေနဲ့အတူ စစ်တွေ-ရန်ကုန် ကားလမ်းကို ယာယီလမ်းပိတ်ထားကာ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ကိုက်(၃၀၀)အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။

 အဲဒီမိုင်းတွေ့ရှိခဲ့တဲ့ တံတားနေရာကို အန္တရာယ်ရှိဇုန်အဖြစ်သတ်မှတ်ကာ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒီသတင်းကို စစ်တွေဗျူရိုက ကျော်လွင်ပေးပို့ထားတာပါ။

Central News Bureau
https://www.facebook.com/skynetcnb
မြောက်ဦးမြို့အဝင် ကားလမ်းရှိ သံတံတားတစ်စင်းတွင် မိုင်းတွေ့ရှိ မြောက်ဦးမြို့အဝင် ကားလမ်းရှိ သံတံတားတစ်စင်းတွင် မိုင်းတွေ့ရှိ Reviewed by THITHTOOLWIN on 19:25 Rating: 5
Powered by Blogger.