မဟာအောင်မြေမြို့နယ်၌ တရုတ်နိုင်ငံသား ဖွင့်​လှစ်​ထားသည့်​ လောင်းကစားဂိမ်းဆိုင်​ ဖမ်းဆီးရမိ


မန္တ​လေးမြို့၊ မဟောအောင်မြေမြို့နယ်၊ မဟာမြိုင် (၁)ရပ်ကွက်၊ ၆၄လမ်းနှင့်​ လမ်း၄၀ ထောင့်ရှိ ငါးမန်းဂိမ်းဆိုင်ဖွင့်​လှစ်​ထား​သော​နေရာသို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မဟာအောင်မြေ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တို့ပါဝင်​​သော ပူး​ပေါင်းအဖွဲ့သည်​ ဒီဇင်ဘာလ ၁၄ ရက် ၁၁း၄၅ နာရီအချိန်က သတင်းအရ ဝင်ရောက်ရှာဖွေရာ မအေးအေးအောင်(၁၈)နှစ် အပါအဝင် ဆိုင်ဝန်ထမ်း မ ၅ ဦး၊ လောင်းကစား ပြုလုပ်သူ အာကာဖြိုး(၃၂)နှစ် အပါအဝင် ၉ ဦး(ကျား ၅၊ မ ၄)တို့နှင့်အတူ ငါးမန်းဂိမ်းစက် ၅ လုံး နှင့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၃၆၃,၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ ဆိုင်ကယ် ၈ စီး သိမ်းဆည်းရမိခဲ့ပြီး ဂိမ်းဆိုင်တည်ထောင်သူမှာ တရုတ်နိုင်ငံသား Mr.Weng Ge(စိစစ်ဆဲ) ဖြစ်ကြောင်း သိရှိရသည်။

အာကာဖြိုးပါ ၁၄ ဦး(ဖမ်းမိ)၊ Mr.Weng Ge နှင့် အောင်အောင် (ဖမ်းမမိ) တို့အား မဟာအောင်မြေ မြို့မရဲစခန်း (ပ)၇၇၅/၂၀၁၇ လောင်းကစားပုဒ်မ ၁၃(က)/ ၁၄(က)ဖြင့် အမှုဖွင့်စစ်ဆေးရာ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဂိမ်းစက်များအား ပြည်ပမှ တင်သွင်းလာကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် Mr.Weng Ge အား (ပ)၇၇၆/၂၀၁၇ ပို့/သွင်းပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မဟာအောင်မြေမြို့နယ်၌ တရုတ်နိုင်ငံသား ဖွင့်​လှစ်​ထားသည့်​ လောင်းကစားဂိမ်းဆိုင်​ ဖမ်းဆီးရမိ မဟာအောင်မြေမြို့နယ်၌ တရုတ်နိုင်ငံသား ဖွင့်​လှစ်​ထားသည့်​ လောင်းကစားဂိမ်းဆိုင်​ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:00 Rating: 5
Powered by Blogger.