SELFLE ဆွဲရာ ဆည်ထဲပြုတ်ကျ နှစ်ဦးသေဆုံး


မကွေး နိုဝင်ဘာ ၁၈

၂၀၁၇ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မီးနစ်အချိန်ခန့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကင်းပွန်းတောင်အုပ်စု သပြေပင်ကျေးရွာအနီး ကင်းပွန်းတောင်ဆည်တွင် လူနှစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းရလျှင်ရခြင်း စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော် တာဝန်မှူး ဒုရဲအုပ် ချစ်စိုးမင်း နှင့်တပ်ဖွဲ့ဝင်များ သက်သေ ကင်းပွန်းတောင်အုပ်/မှူး ဦးခင်မောင်ကြည် ရွာခွဲတာဝန်ခံဦးမြင့်စိုးတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်ဟု ဆတ်သွားရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ချစ်စိုးမင်းမှ ပြောပြသိရှိရသည်။


ဖြစ်စဉ်မှာ ချောင်းနက်အရှေ့စုကျေးရွာနှင့် ကရင်စုကျေးရွာနေသူတို့ဖြစ်ကြသော သီဟကျော် ပါ ၁၁ ဦးအဖွဲ့သည် ဆိုင်ကယ်ဖြင့် ဖျောက်ဆိပ်ကုန်းကျေးရွာရှိ ဆရာမကြီးအား ကျောင်းပိတ်ရက် သွားရောက်ကန်တော့ခဲ့ပြီး ကင်ပွန်းတောင်ဆည်သို့ ဓါတ်ပုံရိုက်ရန် ထွက်လာကြရာ ၄င်းအဖွဲ့ထဲမှ အောင်မျိုးထက် အသက် ၁၉/၂၀၁၇ (ဘ) ဦးဌေးမော် သည်ဆည်၏တောင်ဘက်အစပ် ရေထုတ်ပြွန်အနောက်ဘက်ရှိ တံတားအနီး SELFIEဆွဲရာ ဆည်ထဲသို့ပြုတ်ကျသွား၍ မင်းမင်းဦး အသက် ၂၀/၂၀၁၇ (ဘ)ဦးကျော်သူရ နှင့် သီဟကျော် အသက် ၁၉/၂၀၁၇ (ဘ) ဦးခင်မောင်ဦးတို့မှ လိုက်လံဆယ်ယူရာ အောင်မျိုးထက်မှာ ရေနှစ်သေဆုံးနေပြီး လိုက်လံဆယ်ယူသူ မင်းမင်းဦးမှာလည်း ရေနှစ်သေဆုံးခဲ့ရကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အောင်မျိုးထက်နှင့်မင်းမင်းဦး သေဆုံးရခြင်းမှာ ဓမ္မတာတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် ရဲအုပ်ထွန်းအောင်ကျော်မှ တရား လိုပြုလုပ်တိုင်တန်းသဖြင့် ဆတ်သွားနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၇/၂၀၁၇ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ပြီး အမှုအားစခန်းမှူးရဲအုပ်ထွန်းအောင်ကျော်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Hlaing Bwar
SELFLE ဆွဲရာ ဆည်ထဲပြုတ်ကျ နှစ်ဦးသေဆုံး SELFLE ဆွဲရာ ဆည်ထဲပြုတ်ကျ နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:38 Rating: 5
Powered by Blogger.