KIA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် တိုက်မိုင်းလေးလုံးကို တိုက်မိ ပေါက်ကွဲ၍ ဒေသခံ ပြည်သူ ၂ ဦးဒဏ်ရာရရှိ


နေပြည်တော် ၊ နိုဝင်ဘာ - ၁၀

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကောင်လွင်ကျေးရွာနေ ဦးစိုးဆင့်သည် ၎င်းပိုင် နွား ၅ ကောင်အား ရှာဖွေရန် စီခမ်းကြီးကျေးရွာနေ ဦးဇော်နိုင်နှင့်အတူ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် စီခမ်းကြီးကျေးရွာမှ နန့်လင်းပါကျေးရွာဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် နန့်လင်းပါကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့အရောက်၌ KIA အကြမ်း ဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်း ၄ လုံးကို တိုက်မိပေါက်ကွဲပြီး ၎င်းတို့ ၂ ဦးလုံးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာများအား ဗန်းမော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds

KIA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် တိုက်မိုင်းလေးလုံးကို တိုက်မိ ပေါက်ကွဲ၍ ဒေသခံ ပြည်သူ ၂ ဦးဒဏ်ရာရရှိ KIA အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့် တိုက်မိုင်းလေးလုံးကို တိုက်မိ ပေါက်ကွဲ၍ ဒေသခံ ပြည်သူ ၂ ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 08:47 Rating: 5
Powered by Blogger.