မြောက်ကိုရီးယား ဒုံးကျည် ထပ်မံ ပစ်ခတ်မှု လုပ်

 တောင်ကိုရီးယား အရှေ့ဘက်ခြမ်း ပြုံဆောင်း အရပ် ကို ဖြတ်ကျော် ခဲ့
မြောက်ကိုရီးယား နိုင်ငံက တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ် ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ် က ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းဌာန တွေက ပြောပါတယ်။

ဒုံးကျည် ပစ်ခတ် ခဲ့တာ ဖြစ်နိုင်တယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာချုပ် က ပြောပေမယ့် လက်ရှိ အချိန် အထိ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တယ် လို့ ပြောပါတယ်။

တောင်ကိုရီးယား အရှေ့ဘက်ခြမ်း ပြုံဆောင်း အရပ် ကို ဖြတ်ကျော် သွား တယ်လို့ တောင်ကိုရီးယား အခြေစိုက် ယွန်ဟတ် သတင်းဌာန က ဆိုပါတယ်။

လောလောဆယ် အချိန် အထိတော့ ဒုံးကျည် က ဘယ်လောက် အကွာ အဝေး အထိ ရောက်တယ်ဆိုတာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီနှစ် အစောပိုင်း တုန်း က မြောက်ကိုရီးယားနိုင်ငံက ပစ်ခတ် ခဲ့တဲ့ ဒုံးကျည် တစ်ခု ဟာ ဂျပန် နိုင်ငံကို ဖြတ်ကျော်ခဲ့တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။

 မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှု မှတ်တမ်း
မြောက်ကိုရီးယား နိုင်ငံဟာ ဒီနှစ် ထဲမှာ ဒုံးကျည် ပစ်ခတ် စမ်းသပ်မှုတွေ အတော်များများ လုပ်ခဲ့ပြီး တိုက်ချင်းပစ် ဒုံးကျည်၊ နဲ့ နျူကလီးယား ထိပ်ဖူး တပ် ဒုံးကျည် စမ်းသပ်မှုတွေကို လုပ်ခဲ့တာပါ။

အဲဒီ ကိစ္စတွေကြောင့် မြောက်ကိုရီးယား နဲ့ အမေရိကန် ကြားမှာ တင်းမာ မှုတွေ ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အနေနဲ့ မြောက်ကိုရီးယား နိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု အသစ်တွေလည်း ချမှတ် ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယား ဒုံးကျည် ထပ်မံ ပစ်ခတ်မှု လုပ် မြောက်ကိုရီးယား ဒုံးကျည် ထပ်မံ ပစ်ခတ်မှု လုပ် Reviewed by THITHTOOLWIN on 06:15 Rating: 5
Powered by Blogger.